Ep - 37

1.4K 89 5
                                    

မနက်ဖြန် မင်္ဂလာဆောင် ရှိတဲ့ အိမ် တစ်အိမ်မှာတော့ ခြံဝင်းထဲမှာ အစိမ်းရောင် မိုးကာ မိုးထားတဲ့ မဏ္ဍပ် တစ်ခု ထိုးထားတယ်။ ပြီးတော့ မနက်ဖြန် ကျွေးမွေးမယ့် ဟင်း အမယ်တွေ အတွက် အရွက် လာကူ သင် တဲ့ လူ၊ အသားချက်ဖို့ အတွက် အသားတွေ လာ ကူလှီးပေးတဲ့ လူနဲ့ ပြည့်နေပါသည်။

တစ်ချို့ကျလည်း မဏ္ဍပ်ထဲမှာ အလှဆင်မယ့် ပူဖောင်းတွေ မှုတ်တဲ့ လူက မှုတ်၊ ချိတ်တဲ့ လူက ချိတ်။ တစ်ချို့ကျ ခုထိ အိမ်ထောင် မကျသေးတဲ့ အပျိုကြီး၊ အပျိုလေးတွေကတော့ လာကူရင်း အားကျရင်းပေါ့။

အဲ့ဒါထက် မနက်ဖြန် သတို့သား သတို့သမီး အတွက် ခန်းဝင် ပစ္စည်းတွေ ဆင်ပေးရတဲ့ နေရာမှာတော့ မိစုံ ဖစုံ ရှိတဲ့ လင်မယား နှစ်ယောက် လာပြီး ပြင်ဆင်ပေးနေတယ်။

' လန်ဟွား ... ခုလို လုပ်တာက မိစုံ ဖစုံ ရှိတဲ့ လူ မှ ရတာလား။'

လန်ဟွား ရှောင်း မေးတာကို ခေါင်းခါပြလိုက်ပြီး ...

' ငါလည်း မသိဘူး။ ငါ့ ဒေါ်လေးကတော့ အဲ့လို ပြောတာပဲ။ ပြီးတော့ ဖိတ်စာတွေ လိုက်ဖိတ်တုန်းကလည်း နှစ်ယောက် သွားရတာ။ ပြီးကျ နင် ဒီအိမ်သွား၊ ငါ ဒီအိမ်သွား ... အဲ့လို ခွဲသွားလို့လည်း မရဘူးတဲ့။ နှစ်ယောက်အတူတူ လိုက်ဖိတ်ရမှာ။ မဟုတ်ရင် လက်ထပ်မယ့် အတွဲက မမြဲဘူးတဲ့။'

ရှောင်းကျန့် ကတော့ အဲ့လောက်တောင် ရှုပ်တဲ့ အယူကို နှာခေါင်းရှုံ့လိုက်သည်။

ရှောင်းရှောင်း ကတော့ သဘောတွေ ကျနေပါတယ်။

' မင်းတို့ ဓလေ့က ချစ်စရာလေးနော် ...။'

' ဘာလဲ ... သင်္ဘော ပေါ် သွားမဆောင်တော့ပဲ ... ဒီမှာပဲ လန်ဟွား တို့နဲ့ လိုက်ဆောင်ချင်ပြီလား။'

' ငါ ... ဘာမှ မပြင်ဆင်ထားရဘူးလေ။'

ရှောင်းကျန့် သူက စ တာကို၊ အတည် ထင်နေတဲ့ ရှောင်းရှောင်း ခေါင်းပဲ ခါရမ်းလိုက်သည်။

~~~~~~~~

ည ရောက်သောအခါ ... ပွဲ ရှိတဲ့ အိမ် ဆိုတဲ့ အတိုင်း တစ်နေကုန် ကနေ ခုထိ လူ ပြတ်သွားတယ်ကို မရှိပါ။

Love is Evil  ( Completed )Where stories live. Discover now