Ep - 45

1.3K 63 6
                                    

Wang Group Company တွင် အေဂျင်စီ ရော ၊ ကား Showroom ရော သူ့ဘာသာ ခန့်ထားတဲ့ ဝန်ထမ်းတွေနဲ့ ကောင်းကောင်း လည်ပတ်နေတာ ဖြစ်တာကြောင့် ဘာမှ ကြီးကြီး မားမား ပြောစရာ မရှိပါ။

ရိပေါ် Company မှာ ခဏလေးပဲ သွားနေပြီး အရေးကြီး ဆုံးဖြတ်ရမယ့် ကိစ္စ မရှိတာနဲ့ ဆောက်လုပ်ရေး ဘက်ကိုပဲ ဆက်လာလိုက်သည်။

ရှောင်း ကလေး မမွေးခင်ကရော၊ မွေးပြီးတဲ့ အချိန်ရော မရောက်ဖြစ်တဲ့ ကာလမှာ သူတို့ရဲ့ အပန်းဖြေ စခန်းတောင် ပြီးခါနီးနေပြီ ဖြစ်ပြီး၊ ဟိုတယ် ကလည်း အထပ် ၂၀ ကျော် ရောက်နေပြီကို တွေ့လိုက်ရသည်။

သူ ဆိုဒ်ထဲ ရောက်တော့ လုံခြုံးရေး ဦးစားပေး ဆိုတဲ့ အတိုင်း သူ့ကို ဦးထုပ် နဲ့ ဆိုဒ်ထဲ စီးတဲ့ ဘွတ်ဖိနပ် ပေးလာတာကြောင့် လဲ ဝတ်လိုက်သည်။

~~~~~~~~

ဟိုတယ် ဆောက်နေတဲ့ ဘက်ကို အရင်လာတော့ အင်ဂျင်နီယာ နဲ့ စကားပြောနေတဲ့ ခီရှီ ကို တွေ့လိုက်ရတယ်။

ခီရှီလည်း သူ လာတာတွေ့တော့ အင်ဂျင်နီယာနဲ့ စကားဖြတ်ပြီး သူ့ဆီ လာနေတယ်။

' အခြေနေ ဘယ်လိုလဲ ...။'

' အင်း ... သူတို့ အကြမ်းထည် ပြီးသလောက် အထပ်ထိ ကို မီး ပိုင်းနဲ့ ရေပိုင်းတွေ ချက်ချင်း ဝင် ထားတယ်။ မှန်တပ်ရမယ့် နေရာ ကတော့ ကွဲ မှာ စိုးလို့ အကြမ်းထည် အကုန်လုံး ပြီးမှပဲ ဝင်ခိုင်းလိုက်တော့မယ်။'

' အင်း ...။ ငါတို့ သုံးမယ့် ပစ္စည်းတွေက အကုန် ရောက်ထားပြီးပြီ မလား။'

' အကုန် ရောက်ပြီ။ အဲ့ဒါကြောင့် အင်ဂျင်နီယာကို လော ထားတာ။ လူအင်အား ထပ်ဖြည့်ဖို့။'

ရိပေါ် ခီရှီ ပြောတာကို ခေါင်းညိတ်လိုက်ပြီး အပေါ်ထပ် ကို တက်ကြည့်လိုက်သည်။

ခီရှီ လည်း နောက်ကနေ ထပ်ပြီး နောက်တစ်ခါ ထပ်လိုက်တက် လိုက်သည်။

သူတို့ နှစ်ယောက် အပေါ်ထပ်ထိ ရောက်သွားပြီး အောက်ကို ပြန်ကြည့်လာတော့ အောက်မှာက အပန်းဖြေ စခန်းတွေ အတွက် ဆောက်ထားတဲ့ ဘန်ဂလို လေးတွေရဲ့ ထိပ် ခေါင်မိုး အချွန်လေးတွေ ဟိုနေရာ တစ်လုံး ဒီနေရာ တစ်လုံး နဲ့ ၄ ၅ လုံး တွေ့ရတယ်။

Love is Evil  ( Completed )Where stories live. Discover now