Ep - 18

1.4K 93 6
                                    

" One and Only" Company တွင် ...

' ရှောင်းကျန့် သူဌေးက ရုံးခန်း ခဏ လာအုံးတဲ့။'

ရှောင်းကျန့် သူဌေး ခေါ်တယ် ဆိုတာနဲ့ ကွမ်းဟွား ကို သနားစဖွယ် ကြည့်လိုက်ပြီး ...

' ကွမ်းဟွား မပြီးသေးဘူးလား။ ဟိုမှာ ခေါ်နေပြီ ...။'

' နေအုံး ... ဆွဲနေတယ်။ ပြီးတော့မယ် ...။'

ရှောင်းကျန့် မနေ့ည သူ ဆွဲလို့ မပြီးသေးတာကို ရုံးရောက်တော့ ကွမ်းဟွား ကို ကူပြီး ဆွဲခိုင်းတာ ဖြစ်သည်။

ရှောင်းကျန့် ကွမ်းဟွား ထိုင်တဲ့ ဘက်ကို ထ သွားပြီး ကြည့်ရင်လည်း သူတို့နှစ်ယောက် လုပ်နေတဲ့ ကိစ္စကို ရုံးက လူတွေ မမေးကြခင် အသိပေးလိုက်သလို ဖြစ်သွားမယ်။ ဒါပေမယ့် အခု သူဌေး က ခေါ်နေပြီ။ ရှောင်းကျန့် သူဌေး ခေါ်တာကို ချက်ချင်း မသွားဖြစ်သေးပေမယ့် ခုံမှာ ထိုင်နေတဲ့ ဖင် ကလည်း မငြိမ်တော့ပါ။

ထိုစဉ် HR ဆီက အသံ ထပ်ထွက်လာသည်။

' ရှောင်းကျန့် ... သူဌေးက ချက်ချင်း သွားခိုင်းတာနော် ...။'

ရှောင်းကျန့် HR ကို ခေါင်း တဆတ် ဆတ် ညိတ်ပြလိုက်ပြီး ...

' ဟုတ်ကဲ့။ ကျနော် ခုပဲ သွားတော့မှာပါ။'

သူ ထ ရပ်ပြီး ပြန်လှည့်လာတော့ ကွမ်းဟွား ဆီက အသံ ထွက်လာသည်။

' ပြီးပြီ ... ပြီးပြီ။'

ရှောင်းကျန့် ပြီးပြီ ဆိုတဲ့ အသံကြောင့် ကွမ်းဟွား ဘက် သွားပြီး ကြည့်လိုက်တော့ ဒီဇိုင်းက ပေးထားတဲ့ အချက်တွေနဲ့ အကုန် ပြည့်စုံနေတာ တွေ့လိုက်ရတယ်။

ရှောင်းကျန့် ကွမ်းဟွား ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး ...

' ကျေးဇူးတင်ပါတယ်ကွာ ...။ မင်းသာ မကူရင် ငါတော့ ဒီတစ်ခါ တကယ် အလုပ် ထုတ်ခံရမှာ။'

ကွမ်းဟွား သူ့ဘေးနား လာရပ်တဲ့ ရှောင်း ကို မော့ကြည့်လိုက်ပြီး ...

' မင်းကို မနေ့ကတည်းက အိမ်မှာ လာပေးတာ၊ မင်း ည တုန်းက မဆွဲဘူးလား။ ဒီလို ဒီဇိုင်းလောက်က မင်း အချိန် အကြာကြီး ယူစရာ မလိုပါဘူး။'

Love is Evil  ( Completed )Where stories live. Discover now