Ep - 36

1.6K 103 7
                                    

နယ်မြို့လေးရဲ့ အိမ် တစ်အိမ်တွင် လန်ဟွား ဖုန်း ချပြီး အိမ်ထဲ ပြန်ဝင်လာတော့ ရိလုံ ထွက်လာတာနဲ့ တိုးတယ်။

' ရှောင်း ဆက်လာတာလား။'

' ဟုတ်တယ်။ သူတို့ အခု ထွက်လာပြီတဲ့။'

' အင်း ... အဲ့ဒါဆိုရင်တော့ ညနေလောက်မှ ရောက်မှာပါ။'

' အင်း ...။ ပြီးတော့ ဒီမှာ ကျွေးမွေးဖို့ကလည်း ဘာမှမဝယ်ထားနဲ့လို့ ပြောတယ်။'

' ဘာကို ပြောတာလဲ။ အချိုတည်းမယ့်ဟာလား? ထမင်း ဟင်းတွေကို ပြောတာလား။'

' မသိဘူး။ သူတို့အကုန် ဝယ်လာပြီလို့ ပြောတာပဲ။'

' အင်း ... သူတို့ ရောက်မှ တစ်ချက် ကြည့်လိုက်မယ်လေ။ ပြီးမှ လိုရင်လည်း ထပ် သွားဝယ်တာပေါ့။'

' အင်း ...။ ဒါဆို ငါတို့ ဖိတ်စာ ဝေ မယ့်ဟာ စာရင်းလုပ်ထားလိုက်တော့မလား။'

ရိလုံ ခေါင်းတစ်ချက် ညိတ်လိုက်ပြီး ...

' အေး ... လုပ်လေ။ ဒီရပ်ကွက်ကတော့ အကုန်လုံး ဖိတ်ရမယ် ထင်တယ်။ သိပ်လည်း မကျယ်ဘူးဆိုတော့။'

' အင်း ...။ သူတို့က မဖိတ်ရင်တောင် လာကူပေးကြမှာ။ ရပ်ကွက် က ကျဉ်းတော့ တစ်အိမ် နဲ့ တစ်အိမ်လည်း သွားရင်း လာရင်း မြင်နေကြတာပဲလေ။ တကယ့်မြို့မှာလို သီးခြားတွေ မနေကြဘူး။'

' အင်း ...။ ဟုတ်မှာပါ။ အခု ငါတို့ ရောက်လာတာကိုပဲ ကြည့်လေ...။ အိမ် လာလည်နေကြတာ။'

' ဟုတ်တယ်။'

လန်ဟွား အိမ်ထဲရောက်မှာ စာရွက် နဲ့ ဘောပဲန် ယူပြီး ရိလုံ ကို ပေးလိုက်သည်။

' ရော့ ... နင် က လိုက်ရေး။ ငါ စဉ်းစားရင်း နာမည် ပြောပေးမယ်။'

' အင်း ...။'

~~~~~~~~

ဟိုင်းဝေး လမ်းမကြီးပေါ်တွင် ဇိမ်ခံ ကား အသေး နှစ်စီး ပြီးတော့ ကား အကြီး တစ်စီး ရှေ့ဆင့် နောက်ဆင့်နဲ့ မောင်းနှင်နေတယ်။

မကြာဘူး ရှေ့ဆုံးက ကား ဆီမှ ရပ်တော့မယ့် အနေထားနဲ့ အချက်ပြမီးကြောင့် နောက်က လိုက်လာတဲ့ ကား ကလည်း လိုက်ပြလိုက်ရသည်။

Love is Evil  ( Completed )Where stories live. Discover now