Ep - 13

1.6K 115 8
                                    

" Sun Flower"

ရိလုံ သူ ကောင်တာ ထိုင်ခုံမှာ ဖင် ချ တော့မလို လုပ်ရင် ကောင်တာ ပေါ်မှာ မုန့် ခြင်းတွေ ရောက် ရောက်လာတာကြောင့် ခုထိကို ဖင် သေချာ မထိုင်ချရသေးပါ။

ဒီနေ့မှ ဆိုင်မှာ လူ လာကျနေတယ်။

ထိုစဉ် ...

' ဒူ ... ဒူ ... ဒူ ...'

ကောင်တာ ပေါ်မှာ တင်ထားတဲ့ ဖုန်း မြည်လာကြောင့် ယူကြည့်လိုက်တော့ လန်ဟွား ...

' ဟလို ... ရှောင်ဟွား ...'

' ဒီ မုန့်တွေ ရှင်းမယ် ...။'

ရိလုံ သူ ဖုန်း ကိုင်လိုက်ချိန်ကျမှ မုန့် ဝယ်တဲ့ လူ ထပ်ရောက်လာပြန်တာကြောင့် ဖုန်း ကို စပီကာ ဖွင့်ထားလိုက်တော့သည်။

' အလုပ်ရှုပ်နေရင် နောက်မှ ပြန်ဆက်မယ်လေ ...။'

ရိလုံ တစ်ဖက်မှာ ကွန်ပျူတာထဲ ရိုက်ထည့်ရင်း တစ်ဖက်မှာလည်း ခေါင်းစောင်းပြီး ဖုန်း နား ကပ်ပြောလိုက်သည်။

' ရတယ် ...၊ ရတယ် ...။ ခဏပဲ ...'

မုန့်က မများတာကြောင့် ခဏလေးနဲ့ စလစ် စာရွက် ထွက်လာသည်။

' ရှတ် !!!!

ဒီမှာပါ စလစ် စာရွက် ...။'

ဝယ်သူလည်း စာရွက်ကို လှမ်းယူပြီး ကျသင့်ငွေ ထုတ် ရှင်းပေးလိုက်သည်။

' ဟလို ... ရှောင်ဟွား ...။'

' အင်း ...။ အား ပြီလား ...။'

ရိလုံ အားပြီလား ဆိုပြီး မေးလာတဲ့ ရှောင်ဟွားကြောင့် ဆိုင်ထဲကို လှမ်းကြည့်တော့ မုန့် ရွေးနေတဲ့ လူတွေ ၂ ယောက် ၃ ယောက် ရှိနေသေးတာကို မြင်ရသည်။

' အင်း ...။ ပြောလို့ ရပါတယ်။ ဝယ်သူတော့ ရှိတယ်။ မုန့်တွေ လျှောက်ကြည့်နေကြတာ။'

' ဒီနေ့ ပိတ်ရက် မဟုတ်ဘူးလား။ ရှောင်း နဲ့ ကျင်းပေါင် မရှိဘူးလား။'

' တစ်ယောက်တော့ ရှိတယ်။ ကျင်းပေါင် ကတော့ သူ့ သူငယ်ချင်းနဲ့ စာ သွားလုပ်နေတယ်။ ဒါပေမယ့် အိမ်မှာ ရှိတဲ့ တစ်ယောက်က အားကိုးလို့ မရဘူး။ ငါ့ကို ကား ဝယ်ပေးခိုင်းတာ မအားသေးလို့ မသွားရသေးတာကို ကောက်ပြီး အိမ်ပေါ် တက်သွားပြီ။'

Love is Evil  ( Completed )Where stories live. Discover now