Ep - 14

1.5K 113 4
                                    

' တင်း တင် ... တင်း တင် ...'

ဖုန်းမြည်သံကြောင့် အမျိုးသမီး တစ်ယောက် သူ့အရွယ်နဲ့ မလိုက်အောင် ဖုန်း ထားတဲ့နေရာဆီ အပြေးလာလိုက်သည်။

' တင်း တင် ... တင်း တင် ...'

ခုံပေါ် မြည်နေတဲ့ ဖုန်း ကို ကြည့်လိုက်တော့ တကယ်ပဲ သူ မျှော်နေတဲ့ ဖုန်း ဖြစ်တာကြောင့် အမြန် ကိုင်လိုက်သည်။

' ဟလို ...။'

တစ်ဖက်မှာလည်း စီးခေါဝ် အိပ်ယာထဲ အိပ်နေရင်း ဖုန်း ကို စပီကာ ဖွင့်ထားတာကြောင့် မား အသံ ကြားတာနဲ့ သူ သိချင်တာ အမြန်မေးလိုက်သည်။

' မား ... ရှောင်းကျန့် က တကယ်ပဲ ကိုယ်ဝန် ဆောင်နိုင်တယ်ဆိုတာလား။'

' ဟုတ်တယ်။ သူ ငယ်ငယ်တုန်းက ငါ နဲ့ စျေးလိုက်ရောင်းရင်း မူးလှဲ သွားတယ်။ အဲ့တုန်းက သူ အား မရှိလို့ လှဲ တယ်ထင်တာ။ ဆေးခန်း ခေါ်သွားတော့မှ ဆရာဝန် က သူ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံ မူ မမှန်ဖြစ်နေတယ်လို့ ပြောတာ။'

စီးခေါဝ် မား ရဲ့ စကားကြောင့် တစ်ချက်မဲ့လိုက်ပြီး ...

' မား ကလည်း အဲ့ဒါနဲ့ပဲ သူက ကိုယ်ဝန် ဆောင်နိုင်တယ် ပြောလို့ မရဘူးလေ။'

ချင်းယင် သူ့ သား ပြောမှ ထိုင်ခုံမှာ အားရ ပါရ ပြန်ထိုင်လိုက်ပြီး ...

' သေချာပါတယ်။ ငယ်ငယ်ကတောင် အဲ့လို အရိပ်အယောင် ရှိနေပါတယ်ဆို ... အခု ကြီးလာတော့ ပိုသေချာမှာပေါ့။'

' ဒါဆို သူ့ကိုယ်သူ သိလား။'

' မသိဘူးလေ။ သူ့ကို ဆေးခန်းခေါ်သွားတဲ့ ငါ နဲ့ သူ့ကို စစ်ပေးတဲ့ ဆရာဝန် ပဲ သိတာ။'

' ဒါဆို သူက မား သူ့ကို ခုလို လုပ်မှာကို လွယ်လွယ်နဲ့ လက်ခံ ပါ့မလား။'

' သူတို့က နမူနာပဲ ယူမှာလေ။ သူ့ကို ဘာမှလုပ်မှာ မှ မဟုတ်တာ။'

' ဒါပေမယ့် အခု ရှောင်းကျန့် ရဲ့ ပုံစံက အူတူတူ အ တတ နဲ့ မဟုတ်ဘူး။ ကျနော်က သူ မား ရဲ့ စကားကို လွယ်လွယ်နဲ့ နားထောင်မှာ မဟုတ်ဘူးလို့ ထင်တာပဲ။'

ချင်းယင် သူ့သား စကားကြောင့် လျို့ဝှက်စွာ ပြုံးလိုက်ပြီး ...

Love is Evil  ( Completed )Where stories live. Discover now