Ep - 8

1.7K 117 4
                                    

ကုန်တိုက် တိုင်းမှာ ဝယ်ဝယ် မဝယ်ဝယ် လူ အများ သွားလာနေတဲ့ နေရာ ဖြစ်သည်။ တစ်ချို့လည်း အပြင်မှာ ပူလို့ အေး တဲ့ နေရာ ရှာတယ်ဆိုပြီး ကုန်တိုက်ထဲမှာ ဝယ်စရာ မရှိပဲ လျှောက်ပတ်ကြည့်နေသလို၊ တစ်ချို့ကလည်း လမ်းကြုံလို့ အိမ်သာ ဝင် သုံးတာတွေလည်း ရှိပါတယ်။ အဲ့ဒါကြောင့် ကုန်တိုက်
ရဲ့ အထပ်တိုင်း လူများနေတာ။

' ရှောင်းရှောင်း မင်း တွေ့မယ့် လူကို ဖုန်း ထပ်ဆက်ပါလား။'

' အင်း ...။'

ထိုစဉ် ...

' ရှောင်းရှောင်း !!!!.'

ရှောင်းရှောင်း အနောက်က သူ့နာမည် ခေါ်လာတာကြောင့် လှည့်ကြည့်လိုက်တယ်။

ရှောင်းကျန့်လည်း ကြည့်လိုက်တော့ ဟိုနေ့က တွေ့တဲ့ တစ်ယောက် ...။

' ဝူယွင် ဘယ်လိုလုပ် တစ်ယောက်တည်းပဲ ရှိနေတာလဲ။ စီးခေါဝ် ရော ...'

' သူ Toilet သွားနေတာ။'

ဝူယွင် ရှောင်းရှောင်း ရဲ့ ဘေးမှာ မြင်တဲ့ တစ်ယောက်ကြောင့် မျက်နှာ ပျက်သွားပေမယ့် မပေါ်အောင် ထိန်းလိုက်ပြီး ...

' ဒါနဲ့ ... သူနဲ့က ဘယ်လိုလုပ် အတူတူ လာကြတာလဲ။'

' ဪ ... ရှောင်း ကို ဝူယွင် တို့နဲ့ သေချာ မိတ်ဆက်ပေးချင်လို့ အတူ ခေါ်လာလိုက်တာ။'

ရှောင်းရှောင်း သူ့ အရှေ့ ရောက်အောင် ရှောင်း ကို ခေါ်လိုက်ပြီး ...

' အခု ထပ်မိတ်ဆက်ပေးမယ်။ ဝူယွင် သူက ရှောင်းကျန့် တဲ့။ ဟိုနေ့က ကျနော်တို့ ပေါင်မုန့် သွားဝယ်တာ အဲ့ဒါ သူ့ဆိုင်လေ။

ရှောင်း ... သူက ဝူယွင်။ နောက်တစ်ယောက်က လာမှပဲ မိတ်ဆက်ပေးတော့မယ်။'

စီးခေါဝ် သူ Toilet သွားပြီး ပြန်လာတော့ ရှောင်းရှောင်း နဲ့ ဝူယွင် တို့တောင် တွေ့နေကြပြီ ကို တွေ့လိုက်တာကြောင့် အနား ကို အမြန်သွားလိုက်သည်။

' ရှောင်း ...'

' စီးခေါဝ် ...'

စီးခေါဝ် ရှောင်းရှောင်း ရဲ့ ပုခုံးကို လာဖက်ရင်း ခေါ်တော့မှ ရှောင်းရှောင်း အနား မှာ ဝူယွင် အပြင် နောက်တစ်ယောက် ရှိနေတာကို မြင်သွားပြီး အဲ့တစ်ယောက်ကို မြင်လိုက်တာနဲ့ တစ်စုံ တစ်ယောက် ကို မျက်လုံးထဲ ထပ်မြင်လာသည်။

Love is Evil  ( Completed )Where stories live. Discover now