Ep - 34

1.5K 95 7
                                    

နောက်တစ်နေ့ မနက်ရောက်သော် ဆိုင်ရှေ့တွင် ...

' ရှောင်း ... ဘာဖြစ်တာလဲ။ လည်ပိတ် ဆွယ်တာ င်္အကျီတွေ ဝတ်လို့။ နေမကောင်း ပြန်ဘူးလား။'

' ဘာ ... ဘာမှ မဖြစ်ဘူး။ နေကောင်းခါစ ဆိုတော့ ပြန်ဖျားမှာ စိုးလို့။'

ရိလုံ ဘာမှမဖြစ်ဘူးဆိုတော့လည်း ခေါင်း တစ်ချက် ဆတ်လိုက်ပြီး ...

' ဒါဆို ငါ သွားတော့မယ်။ ဟိုရောက်ရင် ဖုန်းဆက်လိုက်မယ်။ မင်းတို့ နှစ်ယောက် ဆိုင်ကို သေချာ ကြည့်ထားကြ။'

ရှောင်းကျန့် ဆိုင်မှာ ရပ်ထားတဲ့ သူ့ ကား ကို ယူသွားမယ့်ပုံ မပေါ်တဲ့ ရိလုံ ကြောင့် ...

' မင်း ကား မယူသွားဘူးလား။'

' မယူသွားဘူးလေ။ မင်း ကား ကို မင်း လည်း သွားစရာ ရှိရင် စီးဖို့ လိုတယ်မလား။'

' မင်း ငါ့ကို ရွဲ့နေတာလား။'

' မရွဲ့ပါဘူးကွာ။ အကောင်းပြောတာ။ ငါက အဲ့မှာ ရက် နည်းနည်း ကြာမှာ ဆိုတော့ တမင် မယူသွားတာ။'

' ယူသွားလိုက်ပါ။ မင်း လန်ဟွား ကို သူ့ မိဘဆီ သွားတောင်းမှာကို မင်း မှာ ဘာ ပိုင်ဆိုင်မှုမှ မပါသွားရင် မျက်နှာ ငယ် နေမှာပေါ့။ ပြီးတော့ ကိုယ့်ကား နဲ့ ကိုယ် သွားရင် လမ်းမှာ ကြိုက်တဲ့ အချိန် နားလို့ ရတယ်လေ။'

' လန်ဟွား ရဲ့ မိဘ က ငါ နဲ့ လန်ဟွား စတွဲကတည်းက ငါ့ ကျောထောက် နောက်ခံကို သိပြီးသားပါ။ သူတို့က ဘာဂုဏ် ပကာသန မှ မမက်ဘူး။'

' ငါက ယူသွားဆို ယူသွားလိုက်ပေါ့။ မင်းက ဘာမှ မဖြစ်ပေမယ့် လန်ဟွား က မိန်းကလေးလေ။ သူလည်း မင်းကို သူ့ မိဘရှေ့မှာ သူ့ကို ဂရုစိုက်တဲ့ အကြောင်း ပြချင်မှာပေါ့။

မင်းက ဒီအသက်အရွယ် ရှိနေပြီ ကား တောင် မရှိပဲ သူများ သားသမီး ကို လိုင်းကား နဲ့ ခေါ်သွားတယ်ဆိုပြီး သူတို့ ပတ်ဝန်းကျင်က ကဲ့ရဲ့တာ ခံချင်လို့လား။'

ရိလုံ အရင်ကကျ သူ့ကားကိုဆို သူများကို ပေးတောင် မစီးချင်တဲ့ ရှောင်း က အခု သူ့ကို အတင်းကို ယူသွားခိုင်းနေတော့ မယုံသလို ကြည့်လိုက်ပြီး ...

Love is Evil  ( Completed )Where stories live. Discover now