Ep - 5

2.2K 162 5
                                    

အိမ်တစ်အိမ်တွင် ညကြီးမိုးချုပ်ပေမယ့် သူ့အခန်းသူ မပြန်နိုင်ပဲ ကောင်လေး တစ်ယောက်နောက် လိုက်ပြီး စကားပြောနေတဲ့ နောက် ကောင်လေး တစ်ယောက် ရှိနေတယ်။

' ရှောင်း ... ငါ မေးတာ ဖြေအုံးလေ။ ငါ့ကို လက်မထပ်ချင်ဘူးလား။'

ရှောင်းရှောင်း သူ့နောက်လိုက်နေတဲ့ ရိပေါ် ကို လျစ်လျူရှုပြီး သူ့အခန်းကိုပဲ ဦးတည်သွားလိုက်သည်။

' ရှောင်း .... လို့ ...။ တစ်ခုခုတော့ ပြန်ပြောခဲ့လေ။ မဟုတ်ရင် ငါ မင်း အခန်းထဲထိ လိုက်မှာနော် ...။'

ရိပေါ် သူ့ကို ဘာတစ်ခွန်းမှ ပြန်မပြောပဲ အရှေ့က သွားနေတဲ့ ရှောင်းရှောင်း ကြောင့် နှုတ်ခမ်း တစ်ဖက်မဲ့လိုက်ရင်း နောက်က ထပ်ကြပ်မကွာ လိုက်သွားလိုက်သည်။

ရှောင်းရှောင်း သူ့အခန်းရှေ့ ရောက်တာနဲ့ ချက်ချင်း ရပ်ပစ်လိုက်တာကြောင့် နောက်က အလောတကြီး လိုက်လာတဲ့ ရိပေါ်ရဲ့ ရင်ဘတ်က သူ့ပုခုံးကို တိုက်မိလာတယ်။

' အဲ ... ဆောရီး ... နာသွားပြီလား။ မင်း က မပြောမဆိုနဲ့ ရပ်လိုက်တာကိုး။ ပြအုံး ... နာသွား လား။'

' ဖယ်စမ်းပါ ...။ ရိပေါ် မင်း ဘာလို့ ကလေးလို လုပ်နေတာလဲ။ ငယ်ငယ်တုန်းကတော့ ငယ်သေးလို့မို့ မင်း လိုချင်တာ ရှိလို့ ဂျီဂျတိုင်း ငါ ပေးခဲ့တယ်။ အခုက ငါတို့ နှစ်ယောက်ရဲ့ ဘဝနဲ့ ဆိုင်သွားပြီလေ။ ငါ မှ မင်းကို မချစ်တာ၊ မင်းကို မချစ်တဲ့ လူနဲ့ အတူနေနိုင်ပေမယ့် ငါကတော့ ငါ မချစ်တဲ့ သူနဲ့ အတူမနေချင်ဘူး။'

ရိပေါ် သူ အဖြေ သိနေပြီးသား ဖြစ်တာကြောင့် ခုလို ထပ်ကြားလိုက်ရတော့လည်း ဘာအံ့ဩမှုမှ မရှိပါ။ အဲ့ဒါကြောင့် သူ့ကို မျက်နှာ သုန်သုန်မှုန်မှုန် နဲ့ ပြောနေတဲ့ ရှောင်းရှောင်း ကို သွားပေါ်အောင် ပြုံးပြလိုက်ပြီး ...

' စကားကို ဆုံးအောင် မပြောပါနဲ့။ ငါတို့ လက်ထပ်ပြီးသွားရင် မင်း ငါ့ကို ချစ်လာနိုင်တာပဲလေ။ ငါ စောင့်နိုင်ပါတယ်။'

ဝမ်ရှောင်းရှောင်း တစ်ယောက် ဝမ်ရိပေါ် ကို ပြောစရာပင် မရှိတော့တာကြောင့် အခန်းတံခါး ဖွင့်ပြီး ဝင်သွားလိုက်တော့သည်။

Love is Evil  ( Completed )Where stories live. Discover now