Ep - 40

1.5K 83 6
                                    

Wang အိမ်တွင် ...

' ရိပေါ် ရယ် ... အဲ့လို မျက်နှာ လုပ်နေတာ တော်ပါတော့ ...။ ရှောင်းရှောင်း သနားပါတယ်။ သူ့မှာ ခီရှီ နဲ့ မင်း ကြားမှာ နေရခက်နေပြီ။'

' မသိဘူး ...။ အဲ့ကောင်ကို ကြည့်လို့ကို မရတော့ဘူး။ မနက်ဖြန် သူ့ အဖေ အမေ ပါ လာအုံးမယ်။ အိမ်မှာ လာပြီး ရှုပ်ယှက်ခတ်မှာ မြင်ယောင်နေပြီ။'

' ဪ ... ကွာ ...။ အဲ့ဒါတော့ သူတို့လည်း ရှောင်းရှောင်း က သူတို့ မွေးဆက် မွေးပေးမှာဆိုတော့ ဝမ်းသာ ကြ မပေါ့။ မျက်နှာကို လျော့စမ်းပါ။ ရှောင်းရှောင်း လည်း ဟော်မုန်း အပြောင်းလဲကြောင့် စိတ်တွေက ခုတစ်မျိုး တော်ကြာ တစ်မျိုး ဖြစ်ချင် ဖြစ်နေမှာ။ သူ ခံစား လွယ်နေလိမ့်မယ်။'

ထိုစဉ် ခီရှီ အောက်ထပ် ဆင်းလာသည်။

ရိပေါ် ခီရှီ ကို မြင်တာနဲ့ အိမ်ပေါ် ကို ချက်ချင်း တက်သွားလိုက်တယ်။

' ရိပေါ် !!!!.'

ခီရှီ သူ ခေါ်တာကိုလည်း မရပ်ပဲ သူ့ကို မတိုက်ရုံ တမယ် ထ ထွက်သွားတဲ့ ဝမ်ရိပေါ် ကို ကြည့်ပြီး ဆက်လျှောက်လာပြီး ရှောင်းကျန့် ဆီ လာရင်း ...

' ဝမ်ရိပေါ် အခုထိ ငါ့ကို စိတ်ဆိုးနေတုန်းလား ...။'

' အဟင်း !!!!.'

ရှောင်းကျန့် အိမ်ပေါ် တက်သွားတဲ့ ရိပေါ် ကို ကြည့်ပြီး ခီရှီ ကို အားနာတဲ့ အပြုံး ပြုံးပြလိုက်ရင်း ...

' ဒီတစ်ခါတော့ အကြာကြီး စိတ်ဆိုးနေတယ်။ ခီရှီ စိတ်ထဲ မထားပါနဲ့။ သူက အဲ့လိုပဲ။ ပြီးရင် မေ့သွားလိမ့်မယ်။'

ခီရှီ သူလည်း ဝမ်ရိပေါ် ကို နားလည်ပေးနိုင်တယ်။ အခု သူ့ရဲ့ သွေးသား ရှိလာတော့မယ် ဆိုတာ သိလာရတော့ ကိုယ့်သွေးသား အတွက်ဆို ဘာမဆို ပေးဆပ်ချင်တဲ့ စိတ်က အလိုလို ဖြစ်လာတယ်။ အန္တာရာယ်ဆိုတာလည်း တစ်စုံ တစ်ရာ မျှ မရှိစေချင်။

' ဒီတစ်ခါ ငါ လွန်တာပါ။ သူ အဲ့ကိစ္စနဲ့ ပတ်သက်ရင် အစကတည်းက ဆတ်ဆတ် ထိ မခံချင်တာလေ။ သူ့ကို ပြောလိုက်ပါ။ ငါ တောင်းပန်ပါတယ် လို့ ...။'

ရှောင်းကျန့် ခီရှီက လက်နှစ်ဖက်ဆုပ်ပြီး ခါးကို ကိုင်းရင်း ဦးပါ ညွတ်လာတော့လည်း မနေတတ်ပြန်ပါ။

Love is Evil  ( Completed )Where stories live. Discover now