Ep - 27

1.5K 114 14
                                    

နောက်တစ်နေ့ မနက်ရောက်သော် ...

ရိဖုန်း သူ ထ လာတော့ အိမ်ကြီးထဲမှာ ရှောင်းကျန့် လာပြီး ဆရာ့ အတွက် မနက်စာ လာချက်ပြုတ်ပေးနေသံလည်း မကြားရပါ။

မနေ့ည သူ ဆရာ ခိုင်းတဲ့ ကိစ္စနဲ့ အိမ်ကို နောက်ကျမှ ပြန်ရောက်တော့ အိမ် တံခါးကြီးလည်း ဟင်းလင်း ဖွင့်ထားတယ်။

ဒီမနက်လည်း အိမ်ကြီးက တိတ်ဆိတ်နေတယ်။

ရိဖုန်း အိမ် အပေါ်ထပ်ကို လည်ပင်းရှည်ပြီး လှမ်းကြည့်နေတုန်း အိမ်ရှေ့မှာ ဆရာ ရိပေါ် ဝင်လာတာကို သတိမထားမိပါ။

' ရိဖုန်း !!!!!.'

' ဆရာ !!!!.'

ရိဖုန်း ဆရာ့ ကို လှည့်ကြည့်တော့ အိမ်ရှေ့ တံခါးပေါက်နား မှာ ရပ်နေတယ်။ ဆရာ မနက်အစောကြီး သွား ပြေးပြီး ပြန်လာတာလား ဆိုတော့လည်း ဆရာ ဝတ်ထားတာက မနေ့က အဝတ်အစားတွေ။ ပြီးတော့ ကြည့်ရတာ ဖိုသီ ဖတ်သီ နိုင်နေတယ်။

' ဆရာ ... ဘယ်ကနေ ...'

သူ စကား မဆုံးခင် ဆရာ က ဖြတ်ပြောလာသည်။

' မင်း အမြန်ပြင်ဆင်ထား၊ ငါတို့ အပြင်ရောက်မှ မနက်စာ စားကြမယ်။'

' ရှောင်းကျန့် ရော ...။ သူ လာမချက်ပေးဘူးလား။ သူ နေမကောင်းလို့လား။'

ရိပေါ် သူ က တစ်ခွန်းဆို တစ်ခွန်း မပြီးပဲ အထွန့်တက် မေးလာတဲ့ ရိဖုန်း ကို ဘုကြည့် ကြည့်လိုက်ပြီး ...

' ရှောင်းကျန့် ဒီအိမ်မှာ မနေတော့ဘူး။ နောက်ဆို သူ့ အကြောင်း ထပ်လာမပြောနဲ့။'

ရိဖုန်း သူ့ကို ပြောဆိုပြီး အပေါ် တက်သွားတဲ့ ဆရာ ကြောင့် နားမလည်နိုင်ပဲ ခေါင်းကို ဟိုရမ်း ဒီရမ်း လုပ်လိုက်ပြီး သူ့ အခန်းဘက်ကို ပြန်သွားလိုက်သည်။ မနေ့ကထိ ရှောင်းကျန့် အိမ် ပါလာသေးတယ်လေ။ ဘယ်အချိန်တုန်းက မရှိသွားတော့တာလဲ။

~~~~~~~~

!!!! ဂလောက် !!!!

ရိလုံ ဆိုင် တံခါးရဲ့ အပြင်ဘက် ခတ်ထားတဲ့ လိပ်တံခါး ကို အပေါ်ကို ဆွဲတက်တော့ ...

' ရှောင်း !!!!.'

' ရိလုံ !!!!.'

ရိလုံ သူ့ကို အသံမကောင်းပဲ မပြောမဆိုနဲ့ ဖက်လာတဲ့ ရှောင်း ကြောင့် လက်က ကားယား ဖြစ်နေတယ်။

Love is Evil  ( Completed )Where stories live. Discover now