Cha-73

3.9K 786 22
                                    

[Unicode]

လက်စွပ်ကိုရှာတွေ့သည်နှင့် အလုပ်လုပ်ချင်တဲ့စိတ်တွေ လူတိုင်းမှာ ချက်ချင်းပဲပျောက်ဆုံးကုန်ကြ၏။ တချို့သောသူတွေမှာ သတင်းကို သူတို့သူငယ်ချင်းများနှင့်မျှဝေရန် အလွန်အမင်းစိတ်အားထက်သန်နေကြပြီး တချို့ကတော့ စည်ကားသိုက်မြိုက်နေသည့်မြင်ကွင်းကိုလေ့လာစူးစမ်းရန် စုရုံးရောက်လာကြသည်။

Weibo တွင် Koi ရှယ်ရန် ယွီချင့်ဟွမ်ပုံကို ခိုးကြောင်ခိုးဝှက် ရိုက်ကူးနေသူ တချို့တလေတောင်ရှိ၏။ လျိုကျားအန့်ရဲ့ မှုန်ကုပ်ကုပ်မျက်နှာကိုတောင် အားလုံးကမျက်ကွယ်ပြုထားလေ၏။ ကျေးဇူးတင်စရာကောင်းတာက ယနေ့လုပ်ဆောင်ရမည့်အရာအားလုံး ပြီးသလောက်နီးပါးဖြစ်သွားတာကိုပင်။

လျိုကျားအန့်မှာ ယခုအဖြစ်အပျက်ကို ထိန်းသိမ်းတားဆီးလို့မရနိုင်ဘူးဆိုတာ သိမြင်သဘောပေါက်သွားရပြီး အားလုံးကိုစိတ်တိုင်းကျလွှတ်ထားပေးလိုက်တော့သည်။ ထိုအချိန် သူကတော့ စန်းဖန်ကို အမြန်ဆက်သွယ်နေ၏။

စန်းဖန်အား ဖျော်ဖြေရေးလောကထဲတွင် အခွင့်အာဏာပိုင်တဦးအဖြစ် ညွှန်းဆိုနိုင်၏။ ဝမ်ကျန်းရှန်လိုလူတောင်မှ သူမအားတွေ့သည့်နှင့် ‘ဆရာစန်း’ ဟု လေးစားသမှုဖြင့် ခေါ်ဆိုအပ်လေသည်။

လျိုကျားအန့်မှာ ယွီချင့်ဟွမ်အား ပြုံးပန်းတဝေဝေဖြင့်ကြည့်နေခဲ့သည်။ ဟော်ချွီကသာ ဘေးနားကနေ သားကောင်ချောင်းနေတဲ့ ကျားသစ်တကောင်လို မျက်စိဒေါက်ထောက်ကြည့်မနေခဲ့ဘူးဆိုပါက သူတကယ်ပဲ ယွီချင့်ဟွမ်ဆီ အပြေးသွားပြီး ပွေ့ဖက်နမ်းလိုက်ချင်သေး၏။

လက်စွပ်ကို သူရှာတွေ့ခဲ့တာမဟုတ်ဘူးဆိုပေမယ့် သူ့သရုပ်ဆောင်ဖြစ်သူက ရှာတွေ့တာဖြစ်တာကြောင့်  သူနဲ့ တနည်းတဖုံဆက်စပ်နေတယ်ဟု ယူဆနိုင်လေသည်။

'How To Love You' ရဲ့ Box Office မကောင်းခဲ့ရင်တောင်မှ ရိုက်ကူးရေးလုပ်နေရင်း လက်စွပ်ကိုရှာတွေ့ခဲ့တယ်ဆိုတဲ့အချက််ကို ထည့်သွင်းစဉ်းစားရင် အတော်လေးကိုတန်နေပြီဟု မှတ်ယူလို့ရပြီဖြစ်သည်။

ယခုအခြင်းအရာမှာ မယုံနိုင်စရာကောင်းလောက်အောင် စိတ်ကူးယဉ်ဆန်လွန်းနေတဲ့အတွက် ရုပ်ရှင်အဖွဲ့ထဲမှလူအများမှာ စိတ်လှုပ်ရှားမှုဖြင့် အသိစိတ်တွေလွတ်သွားရ၏။ ဒီလိုနဲ့ Weibo မှာ ပုံတွေမတင်ခင် သေချာစိစစ်ဖို့ကို မေ့လျော့သွားခဲ့ကြသည်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now