Cha-74

3.8K 728 35
                                    

[Unicode]

နောက်တစ်နေ့နံနက်စောစောတွင် ယွီချင့်ဟွမ် အမျိုးသားရုပ်သံဌာနသို့သွားရောက်ခဲ့သည်။ ဧည့်ကြိုမိန်းကလေးက သူ့ကိုနွေးထွေးစွာကြိုဆိုပြီး အစည်းအဝေးခန်းမသို့ လမ်းပြပို့ဆောင်ပေးခဲ့ပြီး တာဝန်ရှိသူကိုယ်စားလှယ် မကြာမီရောက်လာလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယွီချင့်ဟွမ် ခေါင်းညိတ်ပြကာ တံခါးအနီးက ထိုင်ခုံတခုတွင်ဝင်ထိုင်လိုက်၏။ အခြေအနေက ရုတ်တရက်ဗြုန်းစားကြီးရောက်ချလာတော့ ဘာတွေဖြစ်ပျက်နေသလဲဆိုတာ သူအခုထိအဖြေရှာမရသေး။

အတိတ်ဘဝတုန်းကလည်း အမျိုးသားရုပ်သံဌာနမှ ယဉ်ကျေးမှုဆိုင်ရာမြှင့်တင်ရေးသံတမန်များ ရွေးချယ်ခဲ့သည်မှန်သော်လည်း အများစုမှာ မြင့်မားသောအနုပညာအောင်မြင်မှုများရရှိထားသည့် စီနီယာကြီးများဖြစ်ကြသည်။ သူ့လိုအနုပညာရှင်ကို ရွေးချယ်ခဲ့ခြင်းက တကယ်တမ်းမှာ ပထမဆုံးအကြိမ်သာဖြစ်တော့သည်။

သူနဝေတိမ်တောင်ဖြစ်နေတုန်း အစည်းအဝေးခန်းတံခါးမှာ ရုတ်တရက်တွန်းဖွင့်ခံလိုက်ရပြီး တာဝန်ရှိသူတယောက် ၀င်ရောက်လာသည်။ ယွီချင့်ဟွမ်ကိုမြင်လိုက်ရတဲ့အခါ ထိုသူမျက်နှာပေါ်ကအပြုံးမှာ ချက်ချင်းပဲလွန်စွာတောက်ပလာ၏။

“ချင့်ဟွမ်, မင်းရောက်နေပြီကိုး၊ မတ်တပ်ရပ်စရာမလိုပါဘူး၊ ထိုင် ထိုင်”

အနှီသူဟာ အရင်တခေါက် မကာအိုတွင်  ရုပ်ရှင်ပရိုမိုးရှင်းဆင်းရန် သူ၊ကျောက်ရွေတို့နဲ့အတူ သွားရောက်ခဲ့သည့် ကျန်းတုံ့ဖြစ်နေ၏။

“မင်္ဂလာပါ” ယွီချင့်ဟွမ် ထိုသူနဲ့လက်ဆွဲနှုတ်ဆက်ပြီး ကုလားထိုင်တလုံးကို ဆွဲပေးလိုက်သည်။

သူအရင်က ကျန်းတုံ့နဲ့ အဆက်အဆံသိပ်မရှိပေ။ ထိုလူအပေါ် သူမှတ်မိနိုင်သမျှက အမြဲလိုကိန်းကြီးခမ်းကြီးနိုင်ပြီး အပေါ်စီးကစကားပြောကာ သူ့လိုအငယ်တန်းသရုပ်ဆောင်တွေအပေါ် အထင်အမြင်သေးတတ်သည်ဆိုတာပင်။

ယနေ့မှ သူ့သဘောထား ဘာကြောင့်အလျင်အမြန်ပြောင်းလဲသွားခဲ့ရလဲ? ကိစ္စအထူးအထွေ ဖြစ်ပွားခဲ့သလား?

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now