Cha-75

3.5K 716 29
                                    

ယွီချင့်ဟွမ် သူ့ဘ၀တွင် အမြန်ဆုံးရေချိုးနည်းနှင့် ရေချိုးလိုက်သည်။ အိပ်ရာပေါ်တက်သွားတဲ့အခါ သူ့ကိုယ်မှာ ရေစက်တွေစွတ်စိုနေဆဲဖြစ်၏။ ဟော်ချွီမှ စိတ်မရှိပါဘဲ တဖက်လှည့်လာပြီး သူ့အားရင်ခွင်ထဲတန်းနေအောင်ဆွဲသွင်းသွားလေသည်။

ဟော်ချွီနှင့် ဒီလိုပုံစံအနေအထားအတိုင်း အတူတူအိပ်စက်တာကြာပြီဖြစ်တဲ့နောက် ယွီချင့်ဟွမ်မှာ အသားကျနေပြီဖြစ်သည်။

လေအေးပေးစက်အပူချိန်ကို အနည်းငယ်လျှော့ချပြီး လက်ဆန့်ထုတ်၍ အိပ်ရာမီးကိုပိတ်လိုက်ကာ ရင်းနှီးကျွမ်းဝင်နေသော ဟော်ချွီ၏လက်မောင်းများထဲသို့ ကြားလေသွေးမရအောင်တိုးဝှေ့ပူးကပ်ထားလိုက်တော့သည်။

ယခုကနွေရာသီရောက်နေပြီဖြစ်ပြီး တနှစ်တာ၏အပူဆုံးအချိန်ဖြစ်ပေ၏။ လေအေးပေးစက်မှ အေးမြသောလေများက သူတို့ခေါင်းပေါ်ကနေ မှုတ်ထုတ်နေပေမယ့် ကျန်းမာသန်စွမ်းသည့်ယောကျာ်းသားနှစ်ဦး ပူးပူးကပ်ကပ်ရှိနေခြင်းမှာ ပူလွန်းလို့မခံနိုင်လောက်အောင်ပင်။

ချွေးများမှာ ယွီချင့်ဟွမ်ရဲ့နဖူးပေါ်က တဒီးဒီးစိမ့်ထွက်လာသည်။ တအောင့်မျှ သူအောင့်အည်းသည်းခံထားပြီးနောက် ဟော်ချွီအိပ်ပျော်လုနီးပါးရှိလောက်ပြီဟုယူဆပြီးမှ သတိကြီးကြီးထားပြီး အသာလေးလစ်ထွက်ဖို့လုပ်လိုက်သည်။

ထိုလှုပ်ရှားမှုလေးတခုတည်းနှင့် သူ့ကိုဖက်တွယ်ထားသော ဟော်ချွီရဲ့လက်များမှာ ရုတ်ချည်းတင်းကျပ်သွားလိမ့်မည်ဟု ဘယ်သူထင်ထားမည်နည်း။

“မအိပ်သေးဘူးလား?” ယွီချင့်ဟွမ် ခေါင်းထောင်ပြီး ဟော်ချွီကို အမှောင်ထဲကနေ အံ့သြတကြီးလှမ်းကြည့်လိုက်သည်။ လက်ကိုဆန့်ထုတ်ပြီး တဖက်လူရဲ့မျက်နှာကို ဖွဖွလေးပွတ်သပ်လိုက်ရာ ဟော်ချွီ၏ မျက်လုံးများပွင့်နေတာကို မမျှော်လင့်ထားစွာခံစားသိရှိလိုက်ရ၏။

“အိပ်ချင်နေပြီလို့မပြောခဲ့ဘူးလား?”

“ကိုယ်အိပ်လို့မပျော်ဘူး”  ဟော်ချွီမှာ ချင့်ဟွမ်ရဲ့လက်ကို ပွတ်သီးပွတ်သပ်လုပ်ရင်း အခံရခက်နေဟန် ဆိုလာသည်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now