Cha-76

3.5K 657 26
                                    

[Unicode]

အပြည်ပြည်ဆိုင်ရာယဉ်ကျေးမှုသံတမန်အဖြစ် တာဝန်ထမ်းဆောင်ပြီးစီးတဲ့နောက် ယွီချင့်ဟွမ်ဟာ ရုပ်ရှင်အဖွဲ့သားများနှင့် တရားဝင်သွား‌ရောက်ပူးပေါင်းခဲ့သည်။

စန်းဖေ့ယုံမှ ဒုတိယဇာတ်လိုက်အပေါ် အလေးသာပေးထားတာကြောင့်  'How to Love You' ထဲတွင် ယွီချင့်ဟွမ်မှာ ဒုတိယအမျိုးသားဇာတ်ဆောင်ဖြစ်ပေမယ့် ဇာတ်ကားထဲ သူပါဝင်တဲ့အခန်းဟာ ချင်ကျန့်နီးပါးပင်။

အမျိုးသားရုပ်သံဌာနအခမ်းအနားပွဲအတွက်ကြောင့်သာ မဟုတ်ခဲ့ပါက လျိုကျားအန့်သည် ချင့်ဟွမ်အားရိုက်ကူးရေးလုပ်ငန်းစဉ်ကို နှောင့်နှေးကြန့်ကြာစေဖို့ ခွင့်ပြုလိမ့်မည်မဟုတ်ပေ။။

ယခင်က ယွီချင့်ဟွမ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်နှစ်ခုကို ပြန်လည်သုံးသပ်ကြည့်ရာတွင် ရဲ့ရှန်းမှာ မာနကြီးထောင်လွှားမောက်မာကာ ပေါ့ပြက်ပြက်နဲ့ ချမ်းသာကြွယ်ဝသောဒုတိယမျိုးဆက်သခင်လေးဖြစ်ပြီး ကျောက်ချင်းဖျင်မှာတော့ သုန်မှုန်ခက်ထန်တဲ့ လက်တုံ့ပြန်သူတယောက်သာ။ ထိုဇာတ်ကောင်နှစ်ခုဖြင့်နှိုင်းယှဉ်သော် ဝမ်ချူအန်းကာရိုက်တာက အတော်လေးကို သာမန်ဆန်နေ၏။

သူဟာ ကုမ္ပဏီ‌ငယ်လေးတစ်ခု၏ စီမံကိန်းမန်နေဂျာဖြစ်သည်။ မြို့ကြီးပြကြီးတွင် ရုန်းကန်လှုပ်ရှားနေရသော လူငယ်လူရွယ်များကဲ့သို့ပင် နှစ်ပဲတစ်ပြားလောက်သာရပေမယ့် ဘီလီယံနှင့်ချီသော စိုးရိမ်ပူပန်စရာများ သူ့မှာရှိ၏။ ဘယ်လောက်ပဲနောက်ကျနေပြီဖြစ်ပါစေ သူ‌ဌေးထံမှ ဖုန်းတချက်ဖြင့် အိပ်ရာထဲမှ သူငေါက်ခနဲထထိုင်ရလိမ့်မည်ပင်။

သူ၏တနေ့တာလုပ်ရိုးလုပ်စဉ်မှာ ဆောက်လုပ်ရေးဆိုက်မှာ ပရောဂျက်တခုကို စီမံကြီးကြပ်ရန်နှင့် တဖက်လူများ၏ လိုအပ်ချက်မျိုးစုံကို အစေခံတစ်ယောက်ကဲ့သို့ လိုက်လံဖြည့်ဆည်းရန်ဖြစ်သည်။

သူကြောက်လန့်သည့်တခုတည်းသောအရာမှာ သူ့ထက်ရာထူးအမြင့်ပိုင်းမှလူများအား စိတ်ဆိုးဒေါသထွက်အောင်လုပ်မိမှာကိုဖြစ်ပြီး အကျိုးဆက်အနေနှင့် အားလပ်ရက်တွေဆိုတာ သူတွေးတောင်တွေးမကြည့်ရဲခဲ့တဲ့ စည်းစိမ်ချမ်းသာတစ်ခုဖြစ်သွားမှာကိုပင်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now