Part 1

2.3K 52 0
                                    


    မြန်မာပြည် ရဲ့လတ်တလောရေပန်းစား popular ဖြစ်နေတဲ့ လူသားလေးကတော့ wei ying ဆိုရင်မမှားနိုင်ပါဘူး

လူလူချင်းချစ်ကြိုက်တာကို နားလည်ပေးနိုင်တဲ့နိုင်ငံတစ်ခုလည်းဖြစ်တဲ့ ဒီနိုင်ငံမှာ  ယခုဆိုရင် LGBT ကိုထောက်ခံသူကလည်း တဖြည်းဖြည်းနဲ့ တိုးတက်များပြားလာလျက်ရှိနေပါတယ်

ထိုထောက်ခံသူများထဲမှာ လူငယ်တွေရဲ့အသည်းစွဲ စာရေးဆရာလေး ဝေ့ရင်းကတော့မပါမဖြစ်ပေါ့

တက်သစ်စစာရေးသူတစ်ယောက်ဖြစ်ပေမယ့် ၎င်းရဲ့စာပေအရေးအသား ဇာတ်လမ်းလှည့်ကွက်တွေကြောင့် စာဖတ်သူပရိတ်သတ်တို့ရဲ့ အသည်းဘဝင်ကိုလှိုက်စားနိုင်ခဲ့ပါတယ်

BL သီးသန့်ရေးတဲ့ထိုစာရေးသူက အောင်မြင်မှုတွေရရှိနေသည့်တိုင်အောင် ယခုချိန်ထိသူ့ရဲ့ပုံစံကို ပရိတ်သတ်ရှေ့ချမပြထားပါဘူး

သူ့ရဲ့နာမည်အရင်းကိုတောင် ပရိတ်သတ်တွေသိခွင့်မရခဲ့သလို interview တွေကိုလည်း ဖုန်းမှတစ်ဆင့်သာဖြေကြားတတ်ပြီး public မှာလည်းလုံးဝပုံတင်လေ့မရှိတဲ့ Author တစ်ယောက်ဆိုလည်းမမှားနိုင်ပါ

ကဲ ဒီလောက်ဆိုသူ့ရဲ့ပရိတ်သတ်တွေဘယ်လိုတောင်စိတ်ဝင်စားနေမလည်းဆိုတာ အားလုံးလည်းသဘောပေါက်ကြမယ်ထင်ပါရဲ့

ဒါဆို စာရေးဆရာဝေ့ရင်းက မည်သူများဖြစ်နေမလည်း🌴🌴🌴
.

.

.

ကျန်းချန် " ကျန့်ကျန့်ရေ ကျန့်ကျန့်!  "

မနက်စာစားပွဲဝိုင်းမှ အသံပြဲနဲ့အော်ခေါ်နေတဲ့ ကျန်းချန် 

တစ်နေ့တစ်နေ့ သူ့ရဲ့ဝမ်းမနာသားလေးအတွက် မနက်စာပြင်ပေးရင်း အိပ်ယာမှထအောင် နှိုးပေးရသည်မှာ အလုပ်တစ်ခုလိုဖြစ်နေပြီ နေ့စဉ်လုပ်နေကြလည်းဖြစ်၏

ကျန်းချန် ပေါင်မုန့်လေးကိုယိုသုတ်တာကို လတ်စသတ်ကာ သူ့ရဲ့ချစ်သူငယ်ချင်းဆီသွားလိုက်၏

မနက်တိုင်းလာနှိုးတတ်မှန်းသိလို့ တံခါးကိုလော့ခ်ျချထားလေ့မရှိသဖြင့် ကျန်းချန်အသာပင်အခန်းထဲဝင်လိုက်သည်

ထူးထူးဆန်းဆန်း ချစ်ဖူးစာNơi câu chuyện tồn tại. Hãy khám phá bây giờ