Part 25

553 24 0
                                    


.
     ဝမ်မားတစ်ယောက် ခရမ်းသီးလေးတွေအစီရီတုံးနေတုန်း  luggage တစ်လုံးနဲ့လှေကားမှဆင်းလာတဲ့ သားဖြစ်သူကိုတွေ့လိုက်ရ၏

ဝမ်မား " သားဝမ် ဒါကဘယ်လည်း"

ရိပေါ် luggage ကိုချထားပြီး မေမေ့ဆီသွားကာ ဖတ်ထားလိုက်ပြီး

ရိပေါ် " ကျန့်ကျန့်ကိုရှာတွေ့ပြီမေမေ "

ဝမ်မား " တကယ်လားသား တကယ်ပဲ သားကျန့် လေးကိုရှာတွေ့ပြီလား"

ရိပေါ် " ဟုတ်မေမေ အခုသားသူ့ဆီလိုက်သွားမလို့ "

ဝမ်မား " သွားပါသား ပြီးရင်သားကျန့်လေးကိုပါအောင်ပြန်ခေါ်လာခဲ့ မေမေလွမ်းနေပြီ"

ရိပေါ် မေမေ့ရဲ့ပါးလေးကိုအနမ်းဖွဖွပေးပြီး

ရိပေါ် " စိတ်ချပါမား သားသူ့ကိုပါအောင်ခေါ်လာခဲ့ပါ့မယ် ဒါဆိုသားသွားတော့မယ်နော် "

ဝမ်မား "အင်း"

ရိပေါ်တစ်ယောက် ဝန်းနင်နဲ့အတူ ကျန့်ကျန့်ရှိရာ ဆင်ရွာလေးဆီသို့ ကားဖြင့် စတင်မောင်းနှင်လာပါ၏

.

.

.

.

စန္ဒာတို့အဖွဲ့ကတော့ မနက်ဖြန်မင်္ဂလာဆွမ်းကျွေးအတွက် ဝိုင်းကူလုပ်ပေးနေကြ၏

ကျန့်ကျန့်တို့ကတော့ မြို့ကဝယ်လာတဲ့ ပန်းခက်တို့အား အိမ်၌အလှဆင်ပေးနေ၏

အိမ်ဘေးမှာ ဟင်းချက်နေသူတို့နှင့် စားပွဲခုံပေါ်က ကြက်သွန် အသီးရွက်နွှင်ခြင်းကတော့ စန္ဒာတို့ရဲ့တာဝန်ပေါ့

ကန်စွန်းရွက်တွေနွှင်ရင်း စပြီးပြောလေတဲ့စန္ဒာ

စန္ဒာ " ဟဲ့ boss တို့ကဘယ်တော့လာကြမှာလည်းမသိဘူး "

သန္တာ " သူလာချင်တဲ့အချိန်လာမှာပေါ့ "

စန္ဒာ " နင်တို့ကလည်း ငါကbossတို့ကို ဒီဆွမ်းကျွေးမှီစေချင်တာ ဒီမှာကဟင်းစုံတော့ အားမနာရတော့ဘူးပေါ့ "

ဝင်းလဲ့လဲ့မိုး " ဒါနဲ့ bossသာလိုက်လာရင် အကိုကျန့်အရမ်းပျော်မှာပဲနော် "

မိုးစန္ဒာဝင်း " ဒါပေါ့ဟ သူတို့ကတစိမ်းတွေမှမဟုတ်တော့တာ "

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now