Part 5

639 31 0
                                    


ကျန်းချန် " မထိပ် ရောက်နေပါတယ်boss "

ကျန်းချန်စကားကို laptop တစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့ bossက မျက်ခုံးတွန့်ချိုးရင်း

ရိပေါ် " ဝင်လာခိုင်းလိုက် "

အခုလို မကြာခဏ company ကိုလာတတ်တာကို သဘောမကျပေမယ့် မိဘချင်းရင်းနှီးတဲ့ မျက်နှာကြောင့် ရိပေါ်မျက်နှာလွှဲမလုပ်ခဲ့

မြစ်ဖျားထိပ် " ရိပေါ် "

မင်းသမီးရှုံးလောက်အောင် ပြင်ဆင်ခြယ်သလာတဲ့ ထိပ်က စကားပြောလည်း အရမ်းချို၏

သာမာန် ယောကျာ်းတွေကိုဆိုအထင်မကြီးတတ်တဲ့ သူမက boss ကိုတော့ အတော်ပင်အထင်ကြီးပြီး ကြွေတဲ့အဆင့်ထိရောက်နေ၏

ကျန်းချန် အရိုသေလေးပြုရင်း အခန်းထဲမှ ထွက်လာလိုက်၏

ရိပေါ် " ဘာကိစ္စလဲ ထိပ် "

မေးသာမေးနေတာ မျက်လုံးကတော့ laptopဆီမှမခွာ

မြစ်ဖျားထိပ် " ရိပေါ်နဲ့အတူ နေ့လည်စာစားချင်လို့လာတာလေ သွားရအောင်နော် ထိပ်အရသာရှိတဲ့ ဆိုင်တစ်ခုတွေ့ထားတယ် "

ခပ်နွဲ့နွဲ့အမူအယာနဲ့ ရိပေါ်လက်မောင်းလေးကို လှုပ်ကာပြောနေပုံက တခြားသူတွေအဖို့ ရင်ဖိုဖွယ်ဖြစ်ချင်ဖြစ်လိမ့်မည်

ရိပေါ်အတွက်တော့ မဟုတ်

ရိပေါ် သူ့လက်ကို ကိုင်ထားတဲ့ ထိပ်ရဲ့လက်တွေကိုဖယ်ချရင်း မျက်လုံးချင်းဆုံကာပြောလိုက်၏

ရိပေါ် " ထိပ်ဘာသာပဲ သွားစားလိုက်ပါ "

မြစ်ဖျားထိပ် " အာ ရိပေါ်ကလည်း ထိပ်ကတစ်ယောက်တည်းစားရမှာ စားမဝင်လို့ပါနော် လိုက်ခဲ့ပါ "

ရိပေါ် " ဟယ်လို ကျန်းချန်မင်းထိပ်ကိုငါ့အခန်းမှာလာခေါ်ပြီး သူနဲ့အတူ နေ့လည်စာသွားစားပေးလိုက်ပါ "

ဖုန်းပြောနေတဲ့ ရိပေါ်ကိုကြည့်ရင်း ထိပ်လက်သီးဆုပ်မိသည်

သူ့လို နတ်သမီးတစ်ပါးကို မျက်နှာလွှဲခဲပစ်လုပ်ရက်တာလား

ရိပေါ်ကတော့ သူနဲ့မဆိုင်သလိုနေရင်း အလုပ်သာဆက်လုပ်နေ၏

သူမနဲနေ့လည်စာအတူစားရလောက်တဲ့အထိ သူမအားပါ

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now