Part 4

617 34 0
                                    

     ကျန်းချန် တစ်ယောက်ကော်ဖီဆိုင်ရဲ့ စားပွဲဝိုင်းထောင့်မှာထိုင်ရင်း မျက်နှာချင်းဆိုင်ထိုင်နေတဲ့ bossကိုကြည့်ကာ

ကျန်းချန် " ဖြစ်သမျှကိစ္စတွေအတွက် ကျွန်တော်တောင်းပန်ပါတယ် boss ကျန့်ကျန့်ကနည်းနည်းဂျစ်တိုက်တတ်လို့ပါ ဗျ "

မတောင်းပန်လို့ရမလား

ငကျန့်တို့က လိုချင်တာကိုမရရအောင် ယူတတ်တယ်ဆိုတဲ့ ဥာဉ့်ဆိုးလေးကြောင့် ဘော့စ်ကိုင်ထားတဲ့အကျီ်ကို ငိုရင်း နှာရည်တွေနဲ့ တမင်သုတ်ခဲ့တယ်လေ

ဘယ်သူက 10သိန်းကျော်တန် brandကို နှာချေးသုတ်မှာလည်း

ကျန့်ကျန့်ရဲ့လူလည်ကျမှုကြောင့် လိုချင်တာဘာမဆိုရတတ်တဲ့ bossမှာ မိမိဆိုင်ကပစ္စည်းကို လက်လွှတ်လိုက်ရတာ ဒါပထမဆုံးပဲဖြစ်သည်

ဒါကိုဒင်းလေကများ ပြောလိုက်သေးတယ် ဒီဆိုင်ပိုင်ရှင်က သူ့လင်ဆိူပြီး

ဝမ်ရိပေါ်ပိုင်တဲ့ဆိုင်ကို သွားပြီး COOL brand တံဆိပ်နဲ့အကျီ်ကို ရအောင်ယူနိုင်ခဲ့တဲ့ ကျန့်ကျန့်က ခေသူတော့မဟုတ်

ကိုယ်ကသာ တောင်းပန်နေတာမျက်နှာငယ်နဲ့ သူကတော့ မုန့်တွေကိုအားရပါးရ စားနေတာ မသိရင် အပစ်လုပ်ထားတဲ့လူက ကိုယ်ပဲလိုလိုပင်

ဝမ်ရိပေါ် " မင်းအမှားမှမဟုတ်တာ "

Bossရဲ့ စကားသံကပုံမှန်ထက်တည်ကြည်နေပြီး မျက်ဝန်းနက်နက်တို့ကလည်း ကျန်းချန်ဘေးမှာ ၃ရက်လောက်ငတ်လာတဲ့ သူကိုကြည့်နေ၏

ကျန်းချန်ကြားထဲမှ ခေါင်းကြိမ်းမိသည်

မင်းအမှားမဟုတ်ဘူးဆိုတည်းက အမှားလုပ်သူကို တောင်းပန်ရန် ရည်ရွယ်သည်မဟုတ်လား

မသိခြင်ထောင်ထောင်ပြီး ရှိသမျှပန်းကန်ထဲမှ ပူတင်းတွေကို စားနေတဲ့ ကျန့်ကျန့်ကို လက်ဖြင့်တို့လိုက်ပြီး တောင်းပန်ဖို့အချက်ပြလိုက်၏

ကျန့်ကျန့်မုန့်စားနေရင်း ခုံအောက်မှလာတို့တဲ့ကျန်းချန်ရဲ့ လက်ကြောင့် သိလိုက်ပါပြီ သူ့bossကို တောင်းပန်ခိုင်းဖို့ဆိုတာ

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now