Part 7

568 26 0
                                    


.
ကျန်းချန် " ဟင် ကျန့်ကျန့်တစ်ယောက်ထဲလာတာလား ဘာလို့ဖုန်းမခေါ်ရတာလဲကွာ ငါလာခေါ်မှာပေါ့"

ဒီကောင်ဆိုးလေးအကြောင်း သူအသိဆုံးပင်
အရှေ့ဆိုအနောက် တောင်ဆိုမြောက်ရောက်တတ်တဲ့ အကျင့်ဆိုးလေးကြောင့်

ဒီတော့မှ ကျန့်ကျန့်ရဲ့မူပိုင်အပြုံးလေးနဲ့ ပြုံးပြရင်း လက်ထဲကချိုင့်လေးကို မြှောက်ပြကာ

" ငါမင်းကိုနေ့လည်စာလာပို့တာ လာယူပါအုန်း သယ်ထားတာကြာလို့ငါ့လက်လေးတွေနာနေပြီဟ"

ကျန်းချန်လည်း ရိပေါ်ကိုအားနာသလိုလေးကြည့်ရင်း

ကျန်းချန် " တောင်းပန်ပါတယ်boss ကျွန်တော်ဒီနေ့တော့မလိုက်ပါရစေနဲ့ ကျန့်ကျန့်ရောက်နေတယ်ဆိုတော့ သူနဲ့ပဲ... "

ရိပေါ် " ရတယ် ကျန်းချန် ဒါဆိုငါသွားမယ် မင်းပြီးရင်သာစာရင်းအသစ်တွေလုပ်ထားလိုက် "

ကျန်းချန် " စိတ်ချပါboss "

ရိပေါ် မသိလိုက်ခင်မှာပဲ သူ့မျက်နှာမှာအပြုံးလေးတစ်ပွင့်ကပ်ညိသွားလေရဲ့

ကျန်းချန်စကားအဆုံးမှာကြားလိုက်ရတဲ့ အသံချိုချိုလေးကြောင့်သူ့မှာခြေလှမ်းတွေတောင် မှားတော့မလို့

ထိုကောင်လေးပြောလိုက်တာက

" နေ့လည်စာကောင်းကောင်းစားခဲ့နော် ကျန့်ရဲ့ကိုကြီး "
တဲ့လေ

.
.
.
ကျန်းချန် Company ရဲ့နားနေဆောင်မှာဟင်းချိုင့်လေးတွေဖွင့်နေရင်း မေးလိုက်၏

ကျန်းချန် " ဘာလို့ bossကိုရွဲ့ပြီး ပြောလိုက်တာလည်း ကျန့်ကျန့် "

သူပြောတာကို ဂရုမစိုက်သလိုလေးနေရင်း ဖုန်းထဲကဂိမ်းကိုသာ ဆော့ရင်းပြန်ဖြေလေ၏

ရှောင်းကျန့် " အမြင်ကပ်လို့ "

ကျန်းချန် " bossက လူကောင်းပါကျန့်ကျန့်ရာ ပြီးတော့မင်းထပ်လည်း အသက်ကြီးတယ်နော် "

ရှောင်းကျန့် " အဲ့တော့ငါကဘာလုပ်ရမှာလည်း "

ကျန်းချန် မနိုင်မှန်းသိလို့ပြန်မပြောတော့ပေ

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now