Part 9

542 26 0
                                    


..   ရိပေါ်တစ်ယောက် Meeting room ထဲမှထွက်ထွက်လာခြင်း စိတ်နဲ့လူနဲ့မကပ်

ဝေ့ရင်း ဒီနာမည်ကို သူဘယ်မှာကြားဖူးပါလိမ့် ?

ပြီးတော့ဝန်းနင်ကရော ဘာလို့သူ့ကိုပဲမော်ဒယ်အဖြစ်ရွေးချယ်ရတာလည်း

ဒီနိုင်ငံမှာ နာမည်ကြီးမော်ဒယ်တွေက ရိုက်သတ်လို့တောင်မကုန်တာကို သူ့ကဘာလို့ ဝေ့ရင်းဆိုတဲ့လူသားကိုပဲ ထောက်ပြနေတာပါလိမ့်

ဝေ့ရင်း

ရိပေါ်နှုတ်မှခပ်ဖွဖွလေးရေရွတ်ရင်း မိမိအလုပ်ခန်းဆီသွားလိုက်၏

.
စိတ်ရောလူပါ ပင်ပန်းလာလို့လားမသိ necktie လေးကိုကြိုးအနည်းငယ်လျှော့လိုက်၏

ဟင်!

ရိပေါ် အံ့သြသွားတာမပြောနဲ့လေ အချိန်အတော်ကြာတဲ့အထိ သူစဉ်းစားနေတဲ့ ဒီနာမည်လေးတစ်ခုက သူနဲ့အနီးဆူံးမှာရှိနေသည်တဲ့လား

ရိပေါ် အလုပ်စားပွဲပေါ်မှ မိုးပြာရောင်စာအုပ်လေးကို ဆွဲယူလိုက်ပြီး စူးရဲစွာစိုက်ကြည့်လိုက်၏

မင်းကဘယ်သူမလို့ လူတွေရဲ့စိတ်ကိုဖမ်းစားနေရတာလည်း ဝေ့ရင်း

..

.

.

ကျန်းချန်တစ်ယောက် မျက်နှာရူးနဲ့အလုပ်ကြောင်းဆွေးနွေးပြီး bossဆီ appointment တွေသွားတင်ပြရန်ဦးတည်လိုက်သည်

လိုအပ်သည့် အချက်အလက်တစ်ချိူ့ကိုပြင်ဆင်ပြီး bossအခန်းမှမပြန်မီ ခုံပေါ်သို့အကြည့်ပို့လိုက်၏

သူဒီခုံပေါ်မှာ သေချာတင်ထားခဲ့တာပါ ဘယ်ရောက်သွားပါလိမ့်?

ရိပေါ် " ရှာမနေနဲ့ မရှိတော့ဘူး "

သူ့အတွေးကိုသိနေသည့်အလား bossက ပြောလာ၏

ကျန်းချန် " ဗျာ😳"

ရိပေါ် " မျက်စိရှေ့မှာလာရှုပ်နေလို့ လွှတ်ပစ်လိုက်ပြီ "

ကျန်းချန် " ဗျာ,. ..!!!😱"

ဒီတစ်ခါတော့ ကျန်းချန်အသံရှည်ကြီးဖြင့်အော်လိုက်မိသည်

ဖြစ်ရလေ ကိ်ုယ့်ဆရာသမားရယ်
သူ့ဘာသာသူ ခုံပေါ်မှာနေတဲ့စာအုပ်က မျက်စိနောက်အောင်လုပ်ပါ့မလား

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now