Part 15

576 27 0
                                    

   ရိပေါ် ညစာစားပြီးလို့လက်ကျန်စာရင်းလေးတွေစစ်ဖို့အတွက် စာကြည့်ခန်းထဲကိုသွားလိုက်၏

နှစ်နာရီလောက် အလုပ်လုပ်လိုက်ပြီး လက်မှပတ်ထားတဲ့ Rolex နာရီလေးကိုကြည့်လိုက်တော့ ၉နာရီပင်ထိုးတော့မည်

Laptop ကိုပိတ်လိုက်ပြီး မိမိအိပ်ခန်းရှိရာကိုသွားကာ ညဝတ်အင်္ကျီလဲလိုက်၏

.
ဒေါက် ဒေါက် ဒေါက်

ဝမ်မား " သား မေမေပါ "

တံခါးခေါက်သံနောက်ပြောလာတဲ့မေမေ့အသံ ကြောင့်ရိပေါ် မိုးပြာရောင်စာအုပ်လေးကို ခေါင်းအုံးအောက်နေရာတကျပြန်ထားကာ တံခါးရှိရာကိုသွားလိုက်သည်

.
ဝမ်ရိပေါ် " မေမေလာလေ "

တံခါးဖွင့်ပေးပြီး ပြောလိုက်တဲ့နောက် မေမေကရိပေါ်အခန်းထဲဝင်လာပြီး ကုတင်စပ်မှာထိုင်လိုက်၏

ဝမ်မား " မေမေကြောင့်အိပ်ရေးပျက်သွားပြီလားသား  "

မေမေကရိပေါ်လက်ကလေးကိုကိုင်ကာ ချိုသာသောအပြုံးလေးနဲ့မေးလေတယ်

ရိပေါ် " မဟုတ်ပါဘူး မေမေ ကျွန်တော်မအိပ်သေးပါဘူး "

ဝမ်မား " သားကျန့်လေးက အလုပ်မှာစိတ်ဝင်စားမှုရှိရဲ့လားသား "

မေမေ့ရဲ့အမေးစကားကြောင့် ဒီနေ့တစ်နေ့လုံး Company မှာ နှုတ်ခမ်းဆူနေတဲ့အကောင်ပေါက်ကိုပြန်တွေးမိပြီး ပြုံးမိသွားပြန်သည်

ရိပေါ်. " အခုမှအလုပ်ဝင်ခါစဆိုတော့ နည်းနည်းတော့ပြောပေးရတာပေါ့မေမေ ဒါပေမယ့်သူကအလုပ်မှာတော့တိကျပါတယ် ပြီးတော့ computer လည်းကျွမ်းတယ် စာရိုက်လည်းမြန်တယ်မေမေရဲ့ "

ဝမ်မား " လူတစ်ယောက်နဲ့တစ်ယောက်မှာတော့ ကျွမ်းကျင်မှူကိုယ်စီရှိကြတာပါပဲ သားက. သားကျန့်လေးကိုအရမ်းမတင်းကျပ်ပါနဲ့ကွယ် တော်ကြာသားကျန့်လေးက အလုပ်ထွက်ချင်သွားအုန်းမယ်😄"

မေမေ့ရဲ့ရယ်သံနှောကာပြောလာမှုကြောင့် ရိပေါ်လည်းလိုက်ရယ်မိပါသည်

ရိပေါ် " အော်ဒါနဲ့မေမေ သဘက်ခါကျရင်မေမေ Company လာရမှာနော်"

ဝမ်မား " အင်းလေသား Pravite Meeting ရှိတယ်ဆို "

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now