Part 29

386 18 0
                                    

     ဒီနေ့ ထိပ်နဲ့တွေ့ဖို့ချိန်းထားတာဖြစ်လို့ မြူ ခိုးဝေဝေ စားသောက်ဆိုင်တစ်ခုရှေ့တွင်ကားရပ်ပြီး သွက်လပ်စွာပင် ဝင်သွားလိုက်၏

မြစ်ဖျားထိပ်  " ငါဒီမှာ ခိုး"

သူမလက်လှမ်းပြတာကိုမြင်ပြီး ခိုးပြုံးပြကာ ရောက်လာတော့သည်

မြစ်ဖျားထိပ် " ဘာစားမလည်းခိုး ငါမှာထားတွေမကြိုက်ရင် ထပ်မှာလေ "

စားပွဲခုံပေါ်က မှာထားပြီးသားစားစရာတွေကိုကြည့်ရင်း ခိုးမသက်မသာနဲ့သက်ပြင်းမောလေးချလိုက်၏

မြူ ခိုးဝေဝေ " ငါက တစိမ်းမှမဟုတ်တာ ငါ့ကိုဖားမနေနဲ့ ပြောဘာအကူညီလိုချင်တာလည်း "

ထိပ်တို့အခြေနေသူမမသိတာမှ မဟုတ်ဘဲ
နေ့ချင်းညချင်းပြောင်းလဲသွားတယ့် စီးပွားရေးကြောင့် ခိုးမှာစိတ်မကောင်းမိ

သူငယ်ချင်းဖြစ်သူကတော့ အခုထိသူဌေးသမီးလေးဘဝကို မက်မောနေတုန်း

မြစ်ဖျားထိပ် " ငါ့သူငယ်ချင်း လေးကအလိုက်သိဆုံး ငါပြောမှာပါ အခုတော့ စားလိုက်ဦး "

ခိုးလည်း ထိပ်ကျေနပ်အောင်အနည်းငယ်စားသောက်ရင်း ဆက်မေးလိုက်သည်

မြူ ခိုးဝေဝေ " ဒါနဲ့ငါ့ကိုဒီကိုခေါ်တာ ဘာပြောမလို့လဲ "

မြစ်ဖျားထိပ် " ငါအလုပ်လိုချင်လို့ "

မြူ ခိုးဝေဝေ " ငါ့ဆီမှာ လုပ်မလား ငါနဲ့အတူတူ"

မြစ်ဖျားထိပ် " မဟုတ်ဘူး ငါလိုချင်တာ COOL မှာ"

မြူ ခိုးဝေဝေ " ဟင်😳"

ထိပ်စကားကြောင့် အလန့်တကြားမော့ကြည့်လာတဲ့ခိုး

မြူ ခိုးဝေဝေ " နင်ဘာတွေကြံနေပြန်ပြီလည်း ထိပ် သူတို့ကိုသွားမရှုပ်ပါနဲ့တော့ဟာ "

သူမသူငယ်ချင်းဖြစ်သူကိုတားရမည်မဟုတ်လား
Wang Company ပိုင်COOL Brand မှာအလုပ်ဝင်ချင်တဲ့ ထိပ်ကထင်သလောက်မရိုးဘူးလေ

မြစ်ဖျားထိပ် " ငါကနင့်သူငယ်ချင်းနော်ခိုး ငါ့ဘဝကိုစုတ်ပြတ်သတ်ပြီး သူများတွံတွေးခွက်ပက်လက်မျောအောင် လုပ်ခဲ့တဲ့သူတွေကို ပြန်ယုတ်မာတာငါမှားလား"

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now