Part 10

582 28 0
                                    

  ရှောင်းကျန့်တစ်ယောက် အန်တီကြီးကိုသေချာတွဲပေးပြီး ဘုရားပုရဝုန်အတွင်းမှခေါ်လာပေးလိုက်သည်

ရှောင်းကျန့် " အန်တီဒီမှာခဏထိုင်အုန်းနော် ကျန့်ကျန့်ကားသွားငှါးလိုက်အုန်းမယ် "

တရုတ်စကားပင်ခြေက ခုံတန်းလေးပေါ်မှာအန်တီကြီးကိုထိုင်ခိုင်းပြီး ထွက်သွားဖို့အလုပ် သူ့လက်ကလာဆွဲထားတဲ့ လက်တစ်စုံ

ရှောင်းကျန့် " ဟင်😳"

.

.

.
ရိပေါ်ဒီနေ့တော့ မြစ်ဖျားထိပ်ကိုအချိန်ပေးဖို့လုပ်လိုက်သည်

မလုပ်လို့လည်းမရ ဟိုတလောကဆိုင်မှာတွေ့ပြီး ပြန်ကျွေးမယ်ပြောလိုက်တာ ညတိုင်းဖုန်းတွေတဂွမ်ဂွမ်နဲ့

ဟင်းးးး

မြစ်ဖျားထိပ် " ဘာလို့သက်ပြင်းတွေချနေရတာလည်း ရိပေါ် ဘာလည်းထိပ်နဲ့အခုလိုသွားရတာ စိတ်ရှုပ်နေလို့လား "

ကားမောင်းနေရင်းသက်ပြင်းချနေတဲ့ ရိပေါ်အား lover seat မှာထိုင်ရင်းမေးလာတဲ့သူမ

ရိပေါ် " အဲ့လိုမဟုတ်ပါဘူး ထိပ်ကျွေးတဲ့ကြက်ဆီထမင်းစားမိလို့ ကျွန်တော်ကပြန်ကျွေးတဲ့သဘောပါ "

မြစ်ဖျားထိပ် " ထိပ်အပေါ် အဲ့လိုတစ်စိမ်းမဆန်ပါနဲ့လား ရိပေါ်ရယ် "

ရိပေါ် " ဘယ်သူ့အပေါ်မှလည်း ကျွန်တော်ရင်းရင်းနှီးနှီးမနေခဲ့ဖူးပါဘူး "

မြစ်ဖျားထိပ် " အဟင်းရိပေါ်ကလည်း သိပ်နောက်တာပဲ 😃"

ရိပေါ်တည်တည်ငြိမ်ငြိမ်ပြောလိုက်ပေမယ့် သူမကတော့စနောက်တယ်လို့တွေးနေတော့လည်း
အထူးတလည်မရှင်းပြချင်တော့

မိန်းမတွေကနားလည်ရခက်လိုက်တာ

.
.
.

ရှောင်းကျန့် " ဘာဖြစ်လို့လဲ အန်တီ ခေါင်းအရမ်းမူးနေသေးလို့လား "

Taxi ငှါးရန်သွားဖို့အလုပ် ဆွဲလာတာတဲ့ အန်တီရဲ့လက်ကြောင့်သူပြန်မေးလိုက်ခြင်းပါ

သူ့အမေးကို အန်တီကလက်လေးရမ်းပြရင်း

အန်တီကြီး " မဟုတ်ပါဘူးသားရယ် အန်တီ့မှာကားပါတယ်ကွဲ့ "

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now