Part 31

354 17 0
                                    

    ဒီနေ့တော့ ရွာမှာ မျက်လှည့်ဆရာလာသဖြင့်တစ်ရွာလုံးနီးပါး အိမ်မှာမရှိကြ

ဆင်ရွာလေးရဲ့ ကျေးလက်သဘာဝအတိုင်း မြေပြင်ကျယ်မှာ စည်းတားပြီး မျက်လှည့်ဆရာက အလယ်မှနေ၍ ကြည့်ရှု့သူတို့က ဘေးမှဝိုင်းကာ စိတ်ဝင်စားဖွယ်ပြကွက်များကိုတအံ့တသြအားပေးနေကြ၏

မိုးစန္ဒာဝင်း " မျက်လှည့်သွားမကြည့်ဘူးလား ကြီးတင် "

တစ်ရွာလုံးနီးပါးသွားပေမယ့် ကြီးတော်တင်နဲ့ဦးစိုင်းတို့အိမ်ကတော့ တုတ်တုတ်မျှမလှုပ်

မိုးသန္တာဝင်း " ပြောမနေပါနဲ့တော့ ငါတို့ကြီးတင်က ဘယ်တုန်းကအဲ့တာတွေကြည့်လို့တုန်း "

ဆန်ပြာနေရင်း ဘေးမှပွစိပွစိလုပ်နေတဲ့ မျောက်၃ကောင်ကြောင့် ကြီးတော်တင်သက်ပြင်းချလျက်

ကြီးတင် " ညည်းတို့ကြည့်ချင်ရင် သွားကြည့်ကြအေ အနားလာပြီးစကားမများစမ်းနဲ့ "

ဝင်းလဲ့လဲ့မိုး " သမီးတို့သွားကြည့်နေတုန်း အိမ်မှာကြီးတင် တစ်ယောက်ပဲကျန်ခဲ့မှာပေါ့ မဟုတ်မှ ဦးစိုင်းနဲ့ချိန်းထားလို့ ပ လွှတ်နေတာလားအဟိ😁"

ဒေါက်!

အ!

မိုးစန္ဒာဝင်း " ကြီးတင် သမီးမပြောဘဲနဲ့ဘာလို့လာခေါက်ရတာလည်း ထိပ်ပေါက်ပြီးလားမသိဘူး"

ကြီးတင် " လက်မအားလို့ အနားရှိသူကိုခေါက်တာ အခေါက်မခံချင်ရင် ဝေးဝေးသွားနေ "

မိုးစန္ဒာဝင်း " ဟွန့် နှင်ပဲလွှတ်နေသိလား စန္ဒာတို့မြို့ပြန်မှ လွမ်းလို့ငိုမနေနဲ့ "

မိုးသန္တာဝင်း " ဟုတ်တယ် ပြီးမှရွာကိုသတိရလို့ပြန်လာပါအုန်းလာမလုပ်နဲ့"

ဝင်းလဲ့လဲ့မိုး " အဲ့အခါကျရင် လုံးဝမလာဘူးနော် sorryပဲ"

ကြီးတင် " အေးအေး မလာကြနဲ့ နားအေးတယ်"

ကြီးတော်တင်လည်း ပြီးပြီးရောပြောကာ ဆန်ဗန်းလေးကိုနောက်ဖေးဆီယူသွားလိုက်၏

ဝင်းလဲ့လဲ့မိုး " ငါတို့လည်း မျက်လှည့်သွားကြည့်ရအောင် နောက်ရက်မြို့တက်ရမှာဆိုတော့"

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now