Part 21

484 24 0
                                    

    ရိပေါ်တစ်ယောက် အသည်းအသန်ဖြင့်တစ်ယောက်သောသူအားရှာဖွေနေမိသည်

အနားကထွက်သွားမယ်ဆိုတာ မိမိပတ်ဝန်းကျင်လောက်လို့သူတွေးခဲ့မိပေမယ့် အနှီကောင်လေးကသူ့ထက်ပိုပြီးဥာဏ်ကောင်းလွန်းနေ၏

ကျန့်ကျန့်တင်မက မိမိရဲ့အတွင်းရေးမှူးကပါ အလိုတူအလိုပျောက်သွားခြင်းကြောင့် ရိပေါ်ပိုပြီးဒေါသထွက်ရ၏

တောက်!

စိတ်တွေရှုပ်ထွေးစွာဖြင့် စားပွဲခုံပေါ်လက်သီးဖြင့်ထုချလိုက်ပြီး တောက်တစ်ချက်ခေါက်လိုက်၏

အမှန်တကယ်ဆို စိတ်ဆိုးပြီးဒေါသထွက်ရမှာသူဖြစ်သော်လည်း အလည်လေးကျန့်ကျန့်က သူ့ကိုပြန်ပြီးစိတ်ကောက်သွားတာဆိုတော့ မိအေးနှစ်ခါနာရပါသည်

ဝန်းနင် " ကားဂိတ်တွေသွားမေးပြီးပြီ ဘာသတင်းမှမထူးဘူး"

အခန်းထဲဝင်လာပြီး ပြောပြလေတဲ့ဝန်းနင်ကြောင့် သူ့မှာစိတ်ပျက်လက်ပျက်ဖြစ်သွားရ၏

ရိပေါ် " COOL Fashion ကိုတော့ခဏရပ်ထားအုန်း ကျန့်ကျန့်ပြန်လာမှသူနဲ့ရိုက်မယ် သူ့နေရာမှာဘယ်သူ့ကိုမှအစားမထိုးနဲ့"

ဝန်းနင် " ရှောင်းကျန့်ကအချိန်မီပြန်ရောက်လာရင်တော့ ကောင်းတာပေါ့ မဟုတ်ရင်တော့ငါတို့တခြားသူနဲ့လက်တွဲမှရမယ် ဒီနှစ်ဆောင်းရာသီအမှီစျေးကွက်ထဲဖြန့်ရမှာဆိုတော့ "

ရိပေါ် " ကျစ်! ငါအဲ့တာတွေမသိချင်သေးဘူးဝန်းနင် ဒါနဲ့ဖုန်းရောဆက်လို့ရလား "

ဝန်းနင် " ငါဌာနတစ်ခုလုံးက ဝန်ထမ်းတွေရဲ့ဖုန်းနဲ့ပါခေါ်ပြီးပြီ ဆက်သွယ်မှုဧရိယာပြင်ပတဲ့ "

ရိပေါ်ဆံပင်ကိုလက်နဲ့ထိုးဖွရင်း စဉ်းစားနေမိသည်

ရိပေါ် " ရှီးချန်ကောကရော ဘာပြောလည်း "

ဝန်းနင် " သူဒီနေ့ စာအုပ်တိုက်ကိုသွားပြီး မေးကြည့်ပေးမယ်တဲ့ "

ရိပေါ် " အင်း ငွေဘယ်လောက်ပဲကုန်ကုန် ကျန့်ကျန့်ကိုတွေ့အောင်ရှာပေးပါဝန်းနင် "

ဝန်းနင် ရိပေါ်ရဲ့ပုခုံးကိုလက်ဖြင့်ပုတ်ကာနှစ်သိမ့်ရင်း ကျေနပ်စွာဖြင့်ပြုံးမိပါသည်

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now