Part 14

516 31 0
                                    


.
   ကျန်းချန်တစ်ယောက် Company သွားဖို့ပြင်ဆင်ပြီး အခုထိအိပ်ကောင်းနေတဲ့ ကျန့်ကျန့်ကိုသွားလိုက်နှိုးလိုက်သည်

ကျန်းချန် " ကျန့်ကျန့်ရေ ထတော့ ၇နာရီကျော်နေပြီနော် ကားတွေကလည်းပိတ်နဲ့ရုံးကို၈နာရီခွဲရောက်မှဖြစ်မှ ထတော့ကွာ "

ရှောင်းကျန့် " ၅ မိနစ်ပဲ 🖐"

လက်ငါးချောင်းထောင်ပြပြီးပြန်အိပ်နေတဲ့ကျန့်ကျန့်

ဟင်း..

ကျန်းချန်ရင်မောစွာနဲ့ပဲသက်ပြင်းရှည်ကြီးချလိုက်မိပါသည်

ဒီနေ့မှအလုပ်စဝင်ပြီး ဒိနေ့ပဲအလုပ်ပြုတ်ချင်နေပြီလားကျန့်ကျန့်ရေ လို့သာစိတ်ထဲမှအော်ဟစ်ကြိမ်းဝါးလိုက်တော့တယ်

ကျန်းချန် " ထတော့နော် မဟုတ်ရင်မင်းကိုbossက အလုပ်ချိန်မလေးစားမှုနဲ့တစ်ခါတည်းဖြုတ်လိုက်လိမ့်မယ် မင်ြးောပတော့သူနဲ့နီးစပ်ဖို့လုပ်မှာဆို ဒါဆိုသူသဘောကျအောင်နေရမှာပေါ့ "

ရှောင်းကျန့် " ထပြီ "

ချက်ချင်းငုတ်တုတ်ထထိုင်တဲ့ ကျန့်ကျန့်ကြောင့်ကျန်းချန်ပြုံးလိုက်မိပါသည်

သိတာပေါ့အမောင်ကျန့်ကျန့်တို့က ဝမ်ရိပေါ်ကိုသာဖဲ့ရမယ်ဆိုရင် အဲ့လိုကြိုးစားတတ်တယ်ဆိုတာ

ကျန်းချန် " နိုးရင်လည်း ရေသွားချိုးတော့ ငါမင်းအတွက်မနက်စာလုပ်ပြီးစောင့်နေမယ် "

ရှောင်းကျန့် " စောစောစီးစီး စကားကိုများတယ်အပျိုကြီး"

ပွစိပွစိပြောပြီးရေချိုးခန်းထဲဝင်သွားတဲ့ ကျန့်ကျန့်ကို ကျန်းချန်ထုံးစံအတိုင်းမျက်စောင်းလှလှလေးထိုးလိုက်ပါ၏

ဟွန့်😒

.
.
ကျန့်ကျန့်တစ်ယောက် မှန်ရှေ့မှာရပ်ရင်း  မိမိတစ်ကိုယ်လုံးကိုရှု့စားနေမိသည်

Suit တွေသာဝတ်ရမှာဆိုတော့သူ့အတွက် သိပ်အဆင်မပြေတာတော့အမှန်ပင်

အမြဲ freestyle ဝတ်နေကျသူက အခုလိုsuitဝတ်လိုက်တော့ ဘယ်လိုပြောရမလဲ သတ္တဝါနဲ့လက်နက်နဲ့မမျှဆိုသလိုဖြစ်နေ၏

ထူးထူးဆန်းဆန်း ချစ်ဖူးစာحيث تعيش القصص. اكتشف الآن