Part 16

544 28 0
                                    

....ဟိုတစ်ခါကိုကို့အိမ်မှာ အနမ်းခံရပြီးထဲက ကျန့်ကျန့်သိသိသာသာ ရှောင်ဖယ်နေမိသည်

.
ကျန်းချန်ကိုယ်တိုင်ကတောင် bossကိုကွေးအောင်လုပ်မယ့်အစီအစဉ်ကိုလက်လျှော့လိုက်ပြီလားလိူ့မေးရသည်အထိ

.
တစ်ခါတစ်လေကျရင်တွေးမိတယ် Wang Company မှာအလုပ်လာလုပ်မိတာမှားပြီလားပေါ့

.
ဝမ်ရိပေါ် " နေ့လည်စာ သွားစားမယ်ရှောင်းကျန့် "

ဒီရက်ပိုင်း ဆောင်းရာသီဖက်ရှင်အတွက်အလုပ်တွေရှုပ်နေတာ နေ့လည်စာတောင်၂နာရီထိုးမှစားဖိူ့လုပ်ရသည်

ရှောင်းကျန့် " ဟုတ် CEO "

ကျန်းချန်တော့ ဒီနေ့စက်ရုံဘက်ကိုစစ်ဆေးဖိူ့တာဝန်ကျတာမလို့ သူတို့နဲ့အတူနေ့လည်စာမစားနိုင်

အပြင်စားသောက်ဆိုင်တစ်ခုကိုရွေးပြီး သူတို့သွားလိုက်၏

ရိပေါ် " ဒီရက်ပိုင်းကိုယ့်ကိုရှောင်နေတယ်နော်"

ကိုကို့ အမေးကြောင့်စားလတ်စ တန်ပူရာကြော်တောင်ပြုတ်ကျမတက်

ရှောင်းကျန့် " မဟုတ်ပါဘူး CEO "

ရိပေါ် " အလုပ်အပြင်မှာဆို ကိုကိုလို့ခေါ်ဖို့ပြောထားတယ်လေ ကျန့်ကျန့်"

ရှောင်းကျန့် " ဘာလို့လည်း "

ရိပေါ် ရှောင်းကျန့်ရဲ့အမေးကိုနားမလည်စွာပဲကြည့်နေမိသည်

စောနကအထိအကောင်းကြီးက နေထပြီးဘာဖြစ်ပါလိမ့် မိုးပြိုမလိုမျက်နှာနဲ့အကောင်ပေါက်က ဘာတွေအလိုမကျဟန်မသိပါ

ရှောင်းကျန့် " ဘာလို့နေရာတကာ ကိုကို့စိတ်တိုင်းကျလည်း ကျန့်ကျန့်ရဲ့ ဘက်ကို ကိုကိုတစ်ခါမှငဲ့မကြည့်ဘူးဖူး😔"

.
ဝမ်ရိပေါ် တစ်ကယ်ပဲနားမလည်ဖြစ်သွားရ၏

သူဒီကောင်လေးအပေါ်ဘာတွေများအမှားလုပ်မိလို့ပါလိမ့်

.
ရိပေါ် " စကားကိုရှင်းအောင်ပြောကျန့်ကျန့် ဘာတွေမကျေနပ်တာလည်းကိုကို့ကိုပြော "

.
ရှောင်းကျန့် ရိပေါ်မျက်နှာကိုစေ့စေ့ကြည့်ကာပြောလိုက်ပါ၏

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now