Part 8

550 29 0
                                    


.
ကျန်းချန် တစ်ယောက်အားနေတဲ့အချိန်အတွင်း ကျန့်ကျန့်ပေးခဲ့တဲ့စာအုပ်လေးကို ဖတ်နေလိုက်၏

.
နေ့လည်စာ သွားစားတဲ့ bossက ကိုယ်တိုင်များchef ဝင်လုပ်နေသလား အောက်မေ့ရသည်အထိကို ကြာနေပါသည်
.

ကျန်းချန်လည်း စာရင်းဇယားအသစ်တွေကို စစ်ပြီးလို့အားတဲ့အချိန်ကိုအကျိုးရှိရှိအသုံးချပစ်လိုက်တာပေါ့
.

ကျန်တဲ့နေရာမှာသာ အပြင်းထူတတ်တဲ့ငပျင်းလေးက အလုံးပေါင်းများစွာရှိတဲ့ စာကိုတော့လက်ညောင်းတယ်လို့တစ်ချက်မျှမညည်းဘဲ ရေးခဲ့တယ်မဟုလား

.
" ချစ်ခြင်းကဖန်ဆင်းတဲ့ နှလုံးသားလိပ်ပြာငယ်"

ဆိုတဲ့ ကျန့်ကျန့်ရဲ့လက်ရာလေးက တကယ်ကိုပဲထမင်းမေ့ဟင်းမေ့ဖြစ်အောင်ကို ဆွဲဆောင်လွန်းနေ၏

ကျန်းချန် ဝတ္ထုထဲစိတ်ရောက်နေပြီး boss ပြန်ရောက်လာတာကိုပင်သတိမထားမိ

ရိပေါ် " ကျန်းချန် "
.

ကျန်းချန် " မြတ်စွာဘုရား 😳 ဟင် boss ပြန်ရောက်ပြီလား "
.

ရိပေါ် " ဒါအလုပ်ချိန်နော် သွားprotect အသစ်အတွက် Meeting စီစဉ်လိုက် "
.

ကျန်းချန် " ဟုတ်ကဲ့ပါ boss "
.

ကျန်းချန် လက်ထဲကစာအုပ်လေးကို ချပြီး bossခိုင်းတာကို အရင်လုပ်လိုက်၏

မဟုတ်ရင် ဘာဖြစ်မယ်မှန်းမခန့်မှန်းတတ်

.
.
ကျန်းချန် ထွက်သွားမှရိပေါ်လည်း ခုံမှာပြန်ထိုင်ရင်း laptop တစ်လုံးနဲ့အလုပ်ရှုပ်နေပါတော့သည်

အညောင်းပြေအညာပြေ လက်ကလေးဆန့်ရင်း မျက်စိရှေ့မှာရောက်လာတဲ့ စာအုပ်လေး
.

ဘာရယ်မဟုတ်စာအုပ် နာမည်လေးကိုနှုတ်မှခပ်ဖွဖွရေရွတ်မိလိုက်၏

" ဝေ့ရင်း"

စာရေးသူနာမည်က ဝေ့ရင်းတဲ့လား

အလုပ်ထဲမှာပဲနစ်မြုပ်ထားတဲ့ ကိုယ့်အဖို့ အပြင်းပျေဖတ်ဝတ္ထုဆိုတာ ဘယ်နေမှန်းမသိခဲ့တာကြာပေါ့
.

အထူးသဖြင့် အခုလက်ရှိနာမည်ကြီးနေတဲ့ သူတွေဆိုပိုဆိုးသည်

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now