Part 12

534 26 0
                                    


.
    တစ်ပတ်ခန့်ကြာသော် 🕊🕊🕊

ကျန့်ကျန့်တစ်ယောက် ကတော့တစ်နေ့တစ်နေ့ ဝမ်အိမ်တော်ကိုသွားလိုက် မားဆီကစားစရာတွေစားလိုက် ကပ်ချွဲလိုက်နှင့်လုပ်နေတာ တဖြည်းဖြည်းနဲ့ ဝက်ပုတ်လေးဖြစ်တော့မည်

မားကလည်း သူ့သားအလုပ်သွားရင်အိမ်မှာပျင်းနေတာဆိုတော့ ကျန့်ကျန့်အဖော်လာလုပ်ရင်သိပ်သဘောတွေကျနေ၏

ကျန့်ကျန့်လည်း ရှေ့အပတ်တုန်းက ကျန်းချန်ပြောလို့
Wang Company ကသူ့အကြောင်းကိုစုံစမ်းနေမှန်းသိခဲ့ပြီးတည်းကအတော်ငြိမ်နေရသည်

ဒါ့ကြောင့်စာအုပ်တိုက်ဘက်ကိုတောင်မသွားမိ
တော်ကြာသံသယဝင်သွားပြီး ဝေ့ရင်းဟာကိုယ်ဆိုတာသူတို့သိသွားပေလိမ့်မည်

သူ့ရဲ့စာဖတ်ပရိတ်သတ်တွေကို ချစ်ပေမယ့်အခုချိန်မှာသူလွတ်လပ်စွာနဲ့နေချင်သေးတယ်လေ

.

သူသာဝေ့ရင်းမှန်းသိသွားရင်လူတွေရဲ့အာရုံစိုက်မှုတွေကြောင့် စိတ်ရှုပ်ရသလို အနေထိုင်လည်းဆင်ခြင်ရပေလိမ့်မယ်

အဲ့လိုချုပ်ခြယ်မှုတွေကိုသူမနှစ်သက်သလို အဲ့လိုချူပ်နှောင်မှူတွေရှိတဲ့နေရာကိုလည်းသူမသွားချင်ပါ

ဒီနေ့တော့ အကိုမုန့်ယောင်ဆီက ဖုန်းဝင်လာပြီးသူ့ကို စာအုပ်တိုက်ကိုခဏလာပါအုံးဆိုလို့သွားရပေအုန်းမယ်

.

.

.

ရိပေါ် " ဒီတစ်ခေါက်ထုတ်လုပ်မယ့် COOL ရဲ့ဆောင်းရာသီဖက်ရှင်ကတော့ လွတ်လပ်မှုကိုအခြေတည်ပြီးထုတ်ဖို့တွေးထားတယ် ခါတိုင်းထုတ်လုပ်နေကြဆောင်းရာသီဖက်ရှင်နဲ့မတူအောင် ဂျင်းအသားကိုအထူးအသုံးပြုမယ်"

ရှယ်ယာရှင်တွေ COOL desingers တွေနဲ့အတူပြုလုပ်တဲ့ Meeting ပင်

Projector မှာပြထားတဲ့ ဂျင်း Quality တွေကိုကျန်းချန်မှတစ်ဆင့်ရှင်းပြရင်း ရှယ်ယာရှင်တွေနဲ့အပြန်အလှန်ဆွေးနွေးကြသည်

ရိပေါ် " ကဲဒါဆို ကျွန်တော်တို့ vote အဖွဲ့ရဲ့ဆုံးဖြတ်ချက်အတိုင်း ဒီနှစ်ကိုဂျင်းfaction နဲ့ပဲCOOL ကိုဖြန့်ချီကြတာပေါ့ "

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now