Part 18

504 23 0
                                    


     မြစ်ဖျားထိပ် တစ်ယောက်ခြံထဲမှာထိုင်ကာ tiktokဆော့နေတုန်း မေကြွယ်ဆင်းလာလို့ ဖုန်းလေးပိတ်လိုက်၏

ကြွယ်သွေးခ " သမီးကဒီရောက်နေတာကို မေကြွယ်ကအခန်းထဲမှာထင်နေတာ "

ဒေါ်ကြွယ်သွေးခ ထိပ်ထိုင်နေတဲ့သစ်ပင်အောက်ကခုံဝိုင်းလေးမှာဝင်ထိုင်လိုက်၏

မြစ်ဖျားထိပ် " မေကြွယ်သမီးကိုပြောစရာရှိလို့လား"

အနည်းငယ်မလန်းတဲ့မျက်နှာကြောင့်ထိပ်မေးလိုက်မိသည်

ကြွယ်သွေးခ " ရိပေါ်နဲ့အခြေနေဘယ်လိုရှိလည်းသမီးထိပ်"

မေကြွယ့်အမေးကိုပြန်ဖြေဖို့သူ့မှာအင်အားမရှိပါ

ဟိုတစ်ခါသွားတုန်းကလည်းအပူလောင်ပြီးသာပြန်လာရသလို အချိန်ပြည့်ရိပေါ်အနားမှာရှိနေတဲ့ကောင်စုတ်လေးကြောင့် သူမမြှူဆွယ်ဖို့အခွင့်မသာ ခဲ့

ဒါ့ကြောင့်သူမေကြွယ့်ကိုခေါင်းခါသာပြလိုက်၏

ကြွယ်သွေးခ " ဒီခေတ်လူငယ်တွေလည်းခက်တယ် အစစအရာရာလူကြီးကလိုက်သင်ပေးနေရမလိုဖြစ်နေပြီ သူ့ဘက်ကမစရင်လည်းသမီးဘက်ကနေလမ်းဖောက်ပေးရမှာပေါ့"

.
မြစ်ဖျားထိပ် " ထိပ်လည်း လမ်းဖောက်ရလွန်းလို့မြောင်းတောင်ဖြစ်နေပြီမေကြွယ် ဒါပေမယ့် ရိပေါ်ဘေးနားကဟိုကောင်လေးကြောင့် ထိပ်မှာသူ့နားကပ်ဖို့တောင်မခွင့်မရဘူး"

.
ကြွယ်သွေးခ " ဒါများသမီးထိပ်ရယ် ရှင်းသင့်တာကိုရှင်းထုတ်ပစ်ရမှာပေါ့ 😏"

မြစ်ဖျားထိပ် " ထိပ်နားလည်ပါပြီမေကြွယ် စိတ်ချပါရိပေါ်အဲ့ကောင်လေးကိုစိတ်နာသွားစေရပါမယ် "

မျှော့်လင့်ချက်ကိုယ်စီနဲ့အပြုံးတွေကအနည်းငယ်ကြည့်ရစိုးနေမှာအမှန်ပင်....။

.

.

.
ဝင်းလဲ့လဲ့မိုး " ဟယ်အကိုကျန့် ဒီကိုလာတယ်ဟုတ်လား"

ရှောင်းကျန့်တစ်ယောက် လုပ်စရာပါးနေလို့ အရောင်းဌာနဘက်ခြေဦးလှည့်လိုက်တာပင်

ရှောင်းကျန့် " ဟုတ်တယ် အကိုလည်းအားနေလို့ခဏထွက်လာတာ "

မိုးသန္တာဝင်း " ညမတိူ့ကမျှော်နေတာ "

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now