Part 23

465 23 0
                                    


       ရှောင်းကျန့်တို့လည်း ကြီးတော်တင်တို့ရှိရာကိုလည်းရောက်ရော ဘုရားပေါ်မှာလူတွေကစုရုံးနေကြပြီ

တစ်ချို့ကလည်း လောင်းလှူမယ့်ပစ္စည်းလေးတွေကို လင်ဗန်းလေးထဲမှာအစီအရီထည့်ရင်း ရဟန်းတို့ကိုမျှော်နေကြ၏

ကြီးတော်တင် " သားတို့ပြန်မလာသေးတော့ ကြီးတော်ဖြင့်စိတ်ပူသွားတာပဲ "

ကြီးတော်တင်က အိတ်ထဲမှာရာတန်အုတ်ကလေးတွေကိုထုတ်ရင်း စိုးရိမ်စွာနဲ့ပြောတော့ ဦးစိုင်းကပါဝင်ထောက်၏

ဦးစိုင်းလုံလုံ " တစ်နှစ်မှာ အခုလိုတပေါင်းလပြည့်နေ့တစ်ရက်တည်းသာ ဆွမ်းကြီးလောင်းလှူခွင့်ရတာမလို့ သားတို့ကို မမှီလိုက်မှာစိုးနေတာ "

ကျန်းချန်လည်း YumYum စက္ကူ ပုံးလေးကို တိတ်ခွာရင်း ပြန်ဖြေ၏

ကျန်းချန် "ဟုတ် ကျွန်တော်တို့က ဂေါပကလူကြီးနဲ့မော်တင်ဘုရားသမိုင်းအကြောင်းမေးနေလို့ပါဗျ"

ခေါက်ဆွဲခြောက်က ပုံးနဲ့ဆိုတော့ တစ်ထုပ်စီယူလောင်းရုံပဲလေ

ကျန့်ကျန့်လည်း Nabati ပုံးလေးကိုဖွင့်ပြီး ကြီးတော်တင်အနားသွားရပ်လိုက်၏

တစ်ဖြည်းဖြည်းနဲ့ လူတွေက ဘုရားကြီးကိုပတ်လည်ဝန်းရံရင်း လောင်းလှူဖို့အသင့်ဖြစ်နေကြတော့ သိပ်မကြာခင်မှာပဲတရားကတ်စက်သံနဲ့အတူ ဂေါပကလူကြီးတစ်ချို့က ရှေ့ဆုံးမှ အလံတိုင်ကိုင်ရင်း ထွက်လာကြ၏

နောက်မှာတော့ ဘုရားအဆူအသေးလေးကိုင်တဲ့သူနှင့်အလှူခံတဲ့လူက ပါပြီး ထို့နောက်တွင်တော့

သိမ်ဆင်းရဟန်းတို့က တန်းစီပြီး အလှူခံလိုက်ပါလာကြ၏

သိမ်ဆင်းသံဃာတို့နောက်တွင်တော့ ရပ်ရွာအနီးကဘုန်းကြီးများနှင့်အတူ မြို့မှဧည့်သည်ဘုန်းကြီးများ ထို့နောက် သီလရှင်များပါ ပါလေ၏.

.( ဒီနှစ်ကတော့ ရောဂါအခြေနေကြောင့်လူသိပ်မလာနိုင်ြကပါဘူး)

.
ကျန့်ကျန့်တို့လည်း လောင်းလှူလို့အပြီးမှာတော့ ပီတိအပြုံးတိူ့ဝေဆာလျက်

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now