Part 26

469 21 0
                                    

  ကျန်းချန် ဝန်းနင် လက်ကိုဆွဲကာအိမ်ရှေ့က ဘုရားခန်းရှေ့ခေါ်လာလိုက်ပြီး

ကျန်းချန် " ဘာလို့ ကျန့်ကျန့်တို့ကို သွားရှုပ်ချင်ရတာလည်း "

ဟု ဘုဆတ်ဆတ်ပြောလိုက်တော့ ဆူပုတ်ပုတ်လေးဖြင့် ပြန်ဖြေ၏

ဝန်းနင် " သူတို့ပဲ အိပ်ချင်ရမှာလား မောင်တို့လည်း အိပ်ချင်တာပဲ".

ကျန်းချန် " ဒီမှာရော အိပ်လို့မရလို့လား "

ဝန်းနင် " ဘုရားရှေ့ကြီးမှာလေ မတော်လို့ အား!. .".

ဆက်ပြောမယ့် ဝန်းနင် ဗိုက်ခေါက်အား အားပါပါနဲ့ဆွဲလိမ်လိုက်တဲ့ ကျန်းချန်ကြောင့် ဝန်းနင်ငယ်သံပါအောင်အော်မိ၏

ကျန်းချန် " သူများတွေကြားသွားမယ် တိတ်တိတ်နေ. "

ဝန်းနင် " ချစ်ကလည်း နာတာကိုအော်မှာပေါ့ "

အိမ်ထဲက ကျီစားနေတဲ့လူနှစ်ယောက်ကတော့မသိပေမယ့် အိမ်ပြင်ထရံမှ နားစွင့်နေတဲ့ ၃ယောက်ကတော့ အဓိပ္ပါယ်တွေကောက်နေကြ၏

မိုးစန္ဒာဝင်း " ဟင်😳 အပျိုကြီး ကtop လား"

မိုးသန္တာဝင်း " ငါပြောပါတယ် သူကtop ပါလို့"

ဝင်းလဲ့လဲ့မိုး " ငါက အကိုဝန်းနင်ထင်နေတာ အခုတော့ 😌"

ဒီလိုနဲ့ပဲ ထို၃ယောက်လည်း အသီးသီးအတွေးတွေနဲ့ အိမ်ပြန်လှည့်လိုက်ကြ၏

.

.

.
ကျန့်ကျန့်တစ်ယောက် လွမ်းနေခဲ့ရတဲ့ရက်တွေကို အတိုးချပြီး ရိပေါ်ရင်ခွင်ထဲဝင်ကာ ချွဲနေလိုက်သည်

သူသတိရနေတဲ့ ကိုကို့ရဲ့ကိုယ်သင်းနံ့လေးကိုလည်းခိုးရှူ ဖို့မမေ့

ရိပေါ် သူ့လက်မောင်းကိုခေါင်းအုံးကာ ရင်ခွင်ထဲမှာ ငြိမ်နေတဲ့ကောင်လေးကြောင့် နှာဖူးကဆံစပြေပြေလေးအား မွှေးကြူ ရင်းအာရုံပြောင်းလိုက်၏

ရိပေါ် " ပြောပါဦး ဘာတွေစဉ်းစားနေတာလည်း "

ရှောင်းကျန့် " ကိုကို ကျန့်ကျန့်ကိစ္စကိုဖြေရှင်းပေးနိုင်ဖို့ မမြစ်ဖျားထိပ်နဲ့ ပတ်သတ်ခဲ့ရတာပေါ့နော်"

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now