Part 3

637 37 0
                                    


   
     ဒီနေ့တော့ ကျန့်ကျန့်တစ်ယောက် အိပ်ယာစောစောထလိုက်၏

ကြားသားမိုးကြိုးလို့ထင်ချင်ထင်လိမ့်မယ် ဘာလို့ဆို ဒီနေ့စာအုပ်တိုက်ပိုင်ရှင် မုန့်ယောင်နဲ့ တွေ့ဆုံဖို့လက်ခံထားလို့ပင်

ကျန်းချန် " မနက်စာစားပြီးတာနဲ့ တစ်ခါထဲသွားမယ်မလား ကျန့်ကျန့် "

ရှောင်းကျန့် " အင်း"

ကျန့်ကျန့်တို့မနက်စာ စားသောက်ပြီး ကျန်းချန်ရဲ့ကားလေးနဲ့အတူ ပုံနှိပ်တိုက်ကို ဦးတည်သွားလိုက်၏

ဒီနေ့က sunday မလို့ ကျန်းချန်အားနေပေသည်

ကားလေး ကားပါကင်မှာထိုးရပ်လိုက်ပြီး ကျန်းချန်နဲ့ ကျန့်ကျန့် စာအုပ်တိုက်ပိုင်ရှင်ဆီသွားလိုက်၏

ကျင်းကွမ်းယောင် " ဟာ ကျန့်ကျန့်ရောက်လာပြီပဲ ကျွန်တော်ကကြာမယ်ထင်နေတာ "

ကျင်းကွမ်းယောင် ကို ရင်းနှီးတဲ့သူတွေက မုန့်ယောင်လို့ခေါ်ကြပါတယ်နော်

ရှောင်းကျန့် " ဟုတ်တယ် အကိုရေ ဒီနေ့သူလည်းအားနေတော့ စောစောလာဖြစ်တာ "

မုန့်ယောင် " ထိုင်ပါဦး "

အခန်းထဲမှာရှိတဲ့ စားပွဲဝိုင်းလေးမှာထိုင်စေလျက် ၃ယောက်သား စကားလက်ဆုံပြောကြလေ၏

ရှောင်းကျန့် " ကျွန်တော့်ကို ဒီကိုခေါ်လိုက်တာ ဘာကိစ္စရှိလို့လည်း အကို "

မုန့်ယောင် " ကျန့်ကျန့်ကို ဝမ်းသာစရာသတင်းပြောစရာရှိလို့ ခေါ်လိုက်တာပါ "

ကျန်းချန်ကတော့ ငြိမ်ငြိမ်လေးသာနားထောင်နေမိသည်

ရှောင်းကျန့် " ဘာသတင်းများလည်း အကို "

မုန့်ယောင် " ကျန့်ကျန့်ရဲ့ ၃အုပ်မြောက်ဝတ္ထုလေ "

ရှောင်းကျန့် " ဟုတ်ကဲ့ ကျွန်တော်သိပါတယ် ဟိုတစ်လောကမှ ထုတ်တာလေ "

မုန့်ယောင် " ဟုတ်တယ် ကျန့်ကျန့် အဲ့စာအုပ်က ထွက်တာမကြာသေးပေမယ့် ရောင်းအားကအရမ်းကောင်းနေတယ် အရင်စာအုပ်တွေထက် ၂ဆပိုများလာလို့ ကျန့်ကျန့်ကိုခေါ်ပြီးပြောပြချင်လို့ပါ "

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now