Part 34

1K 21 4
                                    


  ကျန်းချန်တို့မင်္ဂလာပွဲသွားဖို့ပြင်ဆင်နေတဲ့ ကိုကိုကသူ့ကိုယ်သူမင်းသားများမှတ်နေသည့်အလား

လေလေးတချွန်ချွန်နဲ့ ဆံပင်ကိုသနေတာက ကျန့်ကျန့်ကိုမျက်စိနောက်စေ၏

ရှောင်းကျန့် " မပြီးသေးဘူးလားကိုကို ကိုယ့်ကိုကိုယ်လည်းပြန်ကြည့်အုံး ဒီပွဲကအကိုဝန်းနင်တို့ပွဲနော် မသိရင်သူကသတို့သားလောင်းကျနေတာပဲ ဟွန့်"

ဟုတ်တယ် ရင်ထဲမှာရှိနေတာကိုအဲ့လိုပြောပစ်ရမှကျေနပ်သွားတာ

ဘယ့်နှယ့်သူ့ကိုယ်သူလူပျိုများထင်နေတာလား

တွေ့မယ်ပွဲထဲမှာကောင်မတွေနဲ့ တရုန်းရုန်းလုပ်လို့ကတော့ ကျန့်ကျန့်အကြောင်းသိသွားမယ်မှတ်

ရိပေါ် " ဟောဗျာ ခါတိုင်းလည်းဒီလိုပဲပြင်နေကျလေကလေးရယ် နေပါအုံး ဒီရက်ပိုင်းစိတ်ပိုဆတ်နေသလားလို့ ပြောပါအုံး ယောက်ျားကိုဘာတွေစိတ်ခုနေသလည်းဆိုတာ "

နာရီဝတ်ရင်း ကျန့်ကျန့်ရှိရာဆိုဖာဆီလာကာမေးလိုက်တော့ မလုံမလဲဖြစ်သွားတဲ့အဆိုးလေး

ရှောင်းကျန့် " ဘယ်သူကစိတ်ခုနေလို့လည်း မဟုတ်တာတွေလျှောက်မပြောနဲ့"

အမှန်တော့ ကိုကိုပြောတာလည်းမမှား

ဒီရက်ပိုင်းကျန့်ကျန့်စိတ်တွေက တကယ်ကိုပုံမှန်မဟုတ်တာ

အရင်ကဆို ကိုကို့အပေါ်အမြဲနားလည်ပေးဖို့ပဲတွေးနေပေမယ့် အခုနောက်ပိုင်းအလိုမကျကိုဖြစ်နေတာ

နည်းနည်းဆို စိတ်မရှည်တတ်တဲ့အကျင့်လေးကပါကပ်ပါလာပြန်တယ်

ငါတကယ်ပဲဘာတွေဖြစ်နေတာလည်း.....

ရိပေါ် " ကလေး ဘာတွေတွေးနေတာလည်း ကိုယ်မေးတာဖြေအုံးလေ"

ရှောင်းကျန့် " ဟင်! ဘာမေးလိုက်တာလည်းကိုကို"

ရိပေါ် " ဟောဗျာ!ယောက်ျားကိုစိတ်ခုတာတင်မဟုတ်ဘူး စကားပါနားမထောင်တော့တာပဲ အဆိုးလေး ကိုယ်ပြောတာက အခုမင်္ဂလာပွဲသွားတော့မလားမေးတာ"

ရှောင်းကျန့် " လူကိုစကားနာတွေထိုးမနေနဲ့ သွားကြမယ်နောက်ကျနေပြီ"

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now