Part 17

499 27 0
                                    

    မားလည်းညက ဆေးသွင်းပြီးအနားယူလိုက်လို့ထင်ပါရဲ့

ဒီမနက်အတော်လေးသက်သာနေပါ၏

မနက်စာစားပွဲဝိုင်းလေးကတော့ တိတ်ဆိတ်မှူနဲ့စစ်တိုက်နေပေသည်

ဝမ်မား " သားကျန့်လေး ခါချဉ်ကိုက်လိုက်ပြန်ပြီလား "

အဟွတ်! အဟွတ်!

မားစကားကြောင့် စားလတ်စရှမ်းခေါက်ဆွဲတောင်နင်သွားရပါသည်

မနက်မိုးလင်းလို့ သွားတိုက်ခါနီးမှန်ထဲမှာကြည့်လိုက်မိမှမိမိ နှုတ်ခမ်းပေါက်နေမှန်းသိခဲ့ရတာပါ

ဟိုတခါခံထားရဖူးတာကြောင့် ဘာအကောင်ကိုက်လည်းဆိုတာတွေးကြည့်စရာပင်မလို

ဒါ့ကြောင့် ညကသူ့မှာအသက်ရှူ ကျပ်တယ်လို့ခံစားရတာကိုး

ရှောင်းကျန့် " ဟုတ်တယ်မား အဲ့ခါချဉ်ကအကျင့်မကောင်ဘူးမားရဲ့ ကျန့်ကျန့်အိပ်ပျော်နေတာကိုအခွင့်ကောင်းယူပြီးကိုက်သွားတာ ခါချဉ်နှာဘူးနဲ့တူတယ်"

.
ရိပေါ်ကိုသေချာကြည့်ပြီး နှာဘူးလို့ထည့်ပြောလိုက်တဲ့ကျန့်ကျန့်ကြောင့် ဝမ်မား မသိမသာပြုံးမိပါသည်

သူမလည်း Company ကြီးတစ်ခုလုံးကိုအုပ်ချူ ပ်လာတဲ့သူပဲမဟုတ်လား ငယ်ရာကနေကြီးလာသူမလို့ ချက်ဆို နားခွက်ကမီးတောက်ပဲလေ

.
ရိပေါ် " မေမေနေသာရဲ့လား တစ်ခုခုဆိုသားကိုပြောနော်"

ဝမ်မား " သားက ဒီနေ့အလုပ်မသွားဘူးလား "

ရိပေါ် " မသွားလို့မရဘူးမေမေ ဒီနေ့ Wang  Centre အသစ်အတွက်စာချူ ပ်ချူပ်ရမှာမလို့ သားသွားရမယ် နေ့လည်ဆိုသားပြန်လာမယ်လေ"

.
ဝမ်မား " ရပါတယ်သားရဲ့ မားသားကျန့်လေးရှိနေတာပဲ သားအေးဆေးသွားပါ"

ရိပေါ် " ဟုတ်ကဲ့မေမေ"

ရိပေါ် မေမေရဲ့ပါးလေးကိုအာဘွားပေးလိုက်ပြီး

ရိပေါ် " အဲ့တာဆို သားcompany သွားဖို့ပြင်လိုက်ဦးမယ် ကျန့်ကျန့်နောက်ကလိုက်ခဲ့"

မေမေ့ကိုပြောပြီး စိတ်ကောက်နေတဲ့ကောင်လေးကိုပါခေါ်လိုက်တော့ မျက်စောင်းလေးထိုးရင်း မကျေမချမ်းနဲ့ နောက်ကလိုက်လာပါ၏

ထူးထူးဆန်းဆန်း ချစ်ဖူးစာOn viuen les histories. Descobreix ara