Part 13

566 27 0
                                    

.... ကျန့်ကျန့်တစ်ယောက် အိမ်မှာပြင်းနေတာနဲ့ပဲ သီချင်းလေးဖွင့်ပြီး လိုက်ညီးကာ အိမ်သန့်ရှင်းရေးလုပ်နေ၏

.
🎤🎼 စိတ်တွေ မင်းဘက်ယိမ်းနေတယ် အဆင့်ကျော်ဖို့အတွက်တော့ မလုံမလည်း

ငါမင်းရှေ့ရောက်ရင် ယုန်ကလေးဖြစ်သွားတယ်🐰

နင်ရဲ့အကျဉ်းသားတစ်ယောက်လိုပဲ အချစ်မှာရုန်းမရညိတွယ်ခဲ့

အမှန်တိုင်းပြောရရင် သူငယ်ချင်းဘဝနဲ့မရောင်ရဲ

မနေနိုင်အောင် ငါ့ရဲ့ဘက်ကချစ်နေပြီ

မင်းလေးကတော့ တစ်ချက်မှမသိ မျက်လွှာလေးကိုချပြီး မင်းကြည့်တဲ့အကြည့်လေးတွေ
ငါရဲ့...🎤
.

ရှောင်းကျန့် " မြတ်စွာဘုရား ဝမ်ရိပေါ်နဲ့ငါနဲ့ညား"

ကျန့်ကျန့်တစ်ယောက် ဂေါ်ပြားအရှည်ကိုမိုက်လုပ်ပြီး အဆုကောင်းနေတုန်း နောက်မှာရောက်နေတဲ့ ကျန်းချန်ကိုတွေ့ပြီး လန့်ကာယောင်သွားရခြင်း

.

ကျန်းချန် " ဟားဟား ငကျန့်မင်းခုနက ဘယ်လိုယောင်လိုက်တာ ဘာတဲ့ဝမ်ရိပေါ်နဲ့ အွန့်လွှတ်"

ကျန်းချန်စကားဆက်မပြောနိုင်အောင် လက်နဲ့ပါးစပ်ကိုလှမ်းပိတ်လိုက်တဲ့ကျန့်ကျန့်ပါ

ရှောင်းကျန့် " ကျန်းချန်နော် ငါကသူ့ကိုကြည့်မရတာနဲ့စိတ်ထဲစွဲသွားလို့ အဲ့လိုပြောမိတာ မစနဲ့"

ကျန်းချန်လည်း အခုမှလေဝဝရှူ ရလို့ရန်ပြန်မတွေ့နိုင်

ကျန်းချန် " ငါကစတာပါကွာ မင်းကဘာတွေနာနေတာလည်း "

.
ရှောင်းကျန့် " မနာပါဘူး ဘယ်သူကနာလို့လည်း "

.ပြောင်လိမ်လိုက်တဲ့ ကျန့်ကျန့်ကိုကြည့်ရင်း ကျန်းချန်ခိုးရီမိ၏

.
ကျန်းချန် " ငါတိူ့ကျန့်ကျန့်လေးက လိမ္မာလိုက်တာကွာ အိမ်သန့်ရှင်းရေးတွေဘာတွေလုပ်လို့ "

ဆိုဖာမှာဝင်ထိုင်ရင်းပြောလိုက်တဲ့ ကျန်းချန်အပြောကို တံမြက်စည်းနဲ့ဂေါ်ပြားကိုနေရာတကျပြန်ထားရင်း ကျန့်ကျန့်  ဖြေပေးလိုက်သည်

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now