Part 33

403 18 0
                                    

   ရှီးချန် " အားယောင် အခုတလောကိုယ့်ကိုပစ်ထားသလိုပဲနော်"

ဖုန်းထဲက အကို့ရဲ့စကားကြောင့်စာရင်းလေးတွေ စစ်နေရင်း မုန့်ယောင်ပါးချိုင့်လေးနစ်ဝင်သွားသည်အထိ ပြုံးလိုက်မိသည်

မုန့်ယောင် " တောင်းပန်ပါတယ် အကို ကျွန်တော်ဒီရက်ပိုင်း စာမူတွေစစ်နေတာနဲ့မအားလို့ပါဗျ"

တခြားချစ်သူစုံတွဲတွေနဲ့ကွဲပြားတဲ့ အချက်ကတော့ မုန့်ယောင်တို့၂ယောက်လုံးကအနေအေးပြီး တစ်ဦးကိုတစ်ဦးရိုသေကြခြင်းပါ

ရှီးချန် " ကိုယ်က အားယောင်လေးကိုလွမ်းလို့ဒီအတိုင်းပြောလိုက်တာပါ စိတ်ထဲမထားနဲ့နော်"

မုန့်ယောင် " ကျွန်တော်လည်းလွမ်းပါတယ်ဗျ အလုပ်ပြီးတဲ့အချိန်အကို့ကိုဖုန်းခေါ်ဖို့လုပ်ပြန်တော့ အကိုအိပ်ရေးပျက်မှာစိုးတာနဲ့မခေါ်ဖြစ်တာ "

ရှီးချန် " အကိုနားလည်ပါတယ် အားယောင်ကအကို့ထက်အလုပ်ပိုများတဲ့သူပဲလေ ဒါနဲ့စာမူတွေကရောစစ်ပြီးပြီလား ဒီလရောဘယ်လောက်ထုတ်မှာလည်း"

ရှီးချန် အမေးကိုစစ်လက်စ စာမူစာရင်းလေးအားဘေးချကာ ဂရုတစိုက် အလေးထားပြန်ဖြေလိုက်၏

မုန့်ယောင် " အင်း ကျန့်ကျန့်ရဲ့စာမူရရင်ပြီးပါပြီ ဒီလကို၇ယောက်ရဲ့စာမူကိုထုတ်ပေးမယ် ၄ယောက်ကတော့ Shadow ကျန်တာတော့မူရင်းတွေပဲ"

ရှီးချန် " ကျန့်ကျန့်က နောက်ကျတာလား ခါတိုင်းစောတယ်နော်"

မုန့်ယောင် " ဟုတ်တယ်အကိုရဲ့မနေ့ကသူလာမယ်လို့ပြောပြီးမလာဖြစ်ကြောင်းဖုန်းဆက်တယ် "

ရှီးချန် " ဟုတ်ပါပြီ ဒါဆိုအကိုလည်းလုပ်စရာလေးတွေရှိလို့ ဖုန်းချလိုက်မယ်နော် အကူညီတခုခုလိုရင်အကို့ကို အချိန်မရွေးပြောပါအားယောင်"

မုန့်ယောင် " စိတ်ချပါအကို ကျွန်တော်မှတ်ထားပါ့မယ် "

ရှီးချန် " ကောင်းပါပြီဗျာ"

မုန့်ယောင် " အကို..."

ရှီးချန်ဖုန်းချဖို့လုပ်ခါနီး ကြားလိုက်ရတဲ့ချစ်သူလေးရဲ့ ခေါ်သံကြောင့် ဖုန်းမချဘဲပြန်ထူးလိုက်သည်

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now