Part 19

514 25 0
                                    

.     ဝန်းနင်တစ်ယောက် ဖုန်းထဲမှ ဝေ့ရင်းရဲ့mask တပ်ထားတဲ့ပုံကိုကြည့်ရင်း သံသယဝင်မိ၏.

ဝန်းနင် " သေချာကြည့်လေ တစ်ယောက်ယောက်နဲ့တူလေပဲ ဘယ်သူနဲ့တူတာများပါလိမ့်"

ဝန်းနင် ဖုန်းကိုကြည့်ရင်းသာအဖြေရှာနေမိတော့သည်

.ရုတ်တရက် ဝင်လာတဲ့ဖုန်းကြောင့် အတွေးတွေကိုဖြတ်ကာ ဖုန်းနားထောင်လိုက်၏

ဝန်းနင် " ဘယ်လို😳 ဝေ့ရင်းရဲ့ အိမ်နံပါတ်သိပြီဟုတ်လား "

ဝန်းနင်တစ်ဖက်က သူ့လူတွေရဲ့အပြောကြောင့် ထိုင်ရာမှထရပ်လိုက်မိသည်အထိ

ဝန်းနင် " ကောင်းပြီ ငါအခုလာခဲ့မယ်"

ဖုန်းချပြီး ဝန်းနင်ဟန်ပါပါနဲ့တစ်ချက်ပြုံးလိုက်ပါ၏

ဝန်းနင် " နောက်ဆုံးတော့မင်းကိုငါရှာတွေ့တော့မယ်ဝေ့ရင်း မင်းထပ်ပြီးမပြေးနဲ့တော့နော် ငါကရိပေါ်အတွက်မင်းကို အမိဖမ်းပေးရမှာမလို့ ငါတို့မကြာခင်ဆုံကြရမှာပါ"

.

.

.
ကျန့်ကျန့်ဒီမနက် အိပ်ယာနိုးထဲက စိတ်ထဲကတစ်ခုခုကိုအလိုမကျဖြစ်နေမိသည်

ကျန်းချန်နဲ့အလုပ်လာရာလမ်းတစ်လျှောက်လုံးလည်း ဘာစကားမှမပြောဘဲ ငြိမ်နေတော့ကျန်းချန်ပါ သတိထားမိလာ၏

ကျန်းချန်ကားမောင်းနေရင်းမေးရတော့သည်

ကျန်းချန် " ဘာတွေဖြစ်နေတာလဲ ကျန့်ကျန့် အရမ်းငြိမ်နေပါလား"

ဟုတ်တယ်လေ အရင်တုန်းကဆို စကားများလွန်းတဲ့သာလိကာလေးက အခုမနက်ထူးထူးဆန်းဆန်း ငြိမ်နေတယ်ဆိုတော့

ရှောင်းကျန့် " ငါ့စိတ်တွေလေးနေတယ်ကျန်းချန် "

ကျန်းချန် " ဘာလို့လည်း"

ရှောင်းကျန့် " ဘာလို့လည်းဆိုတာတော့ငါလည်းမသိဘူး ဒါပေမယ့်တစ်ခုခုကိုစိုးရိမ်နေသလိုပဲ"

ကျန်းချန် " သိပ်လည်းမစိုးရိမ်ပါနဲ့ကွာ မင်းအိပ်ရေးပျက်သွားတာလည်းပါပါလိမ့်မယ်"

ကျန်းချန် ကျန့်ကျန့်ပုခုံးလေးကိုပုတ်ပြီးနှစ်သိမ့်ပေးလိုက်၏

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now