Part 30

395 18 0
                                    

  ကျန့်ကျန့်တစ်ယောက် ဖိတ်စာတွေပေါ်မှာ နာမည်ရေးရင်း သက်ပြင်းဖွဖွချမိ၏

မချရောနေမလား ကိုကို့ရဲ့အလောတကြီးစီစဉ်မှုတွေကြောင့် လူမှာဝတ်စုံအစမ်းဝတ်ကြည့်ရ ဖိတ်စာအရောင်ပုံစံရွေးရ ဧည့်သည်စာရင်းတွေမှတ်ရ ပြီးတော့ သတင်းထောက်တွေကိုရှောင်ရရှားရနဲ့ ဖတ်ဖတ်ကိုမောလို့

ဒါတောင် ကျန်းချန်နဲ့အကိုဝန်းနင်တိူ့က ဝိုင်းကူပေးလို့

အမစန္ဒာတိူ့ကလည်း မင်္ဂလာပွဲအမှီ လာခဲ့ပါမယ်လို့ပြောကြပါတယ်

ဒါပေမယ့် ဒီထက်စောစောလာဖိူ့သေချာမှာထားလိုက်ရမည်

ဦးစိုင်းနဲ့ကြီးတော်တင်တို့ကိုလည်း အကြောင်းစုံပြောပြပြီးဖိတ်လိုက်ပေမယ့် တောသူတောင်သားတွေမလို့ ကားတဝီဝီညံတဲ့မြို့ကြီးပြကြီးကိုလာဖို့အရေးကြောက်နေရဲ့

ဘာပဲဖြစ်ဖြစ် ကျန့်ကျန့်ရဲ့မင်္ဂလာပွဲလေးမှာ ရင်းနှီးရတဲ့လူတွေကိုအနားမှာရှိနေစေချင်ပါတယ်

ရိပေါ် " ဘာတွေတွေးနေတာလည်း ကိုကို့ကလေး"

ကျန့်ကျန့်ရဲ့အနောက်ကဆိုဖာမှာဝင်ထိုင်ရင်း အောက်မှာထိုင်နေတဲ့ကျန့်ကျန့်ပုခုံးလေးကိုဖက်ကာမေးလေတဲ့ ချစ်ရတဲ့သူ

ရှောင်းကျန့် " ဘာတွေတွေးရမှာတုန်း ဟောဒီက ကျန့်ကျန့်ရဲ့အမျိုးသားလေးအကြောင်းပဲပေါ့ဗျ"

ဇက်ကလေးစောင်းကာ ရိပေါ်ရဲ့မေးစေ့လေးကိုပွတ်ကာ ပြောလိုက်ပုံကြောင့် ရိပေါ်မှာအသည်းတယားယား

ပြွတ်စ် 😙

ပါးလေးကိုနစ်ဝင်သွားသည်အထိ နမ်းကြူ လိုက်တော့ ယုန်သွားလေးတွေပေါ်အောင်လစ်ဟာပြလေတဲ့ အသဲအသက်ကလေး

ရိပေါ် " ပြောပါအုံး ကျူ ပ်ရဲ့ဘာအကြောင်းတွေကို တွေးနေတာလည်းဆိုတာ "

ရှောင်းကျန့် " ဟီး😁 ကိုကို့ကိုယ်အရမ်းချစ်တဲ့အကြောင်းတွေးနေတာလေဗျ "

ရိပေါ် " လိမ္မာလိုက်တာကွာ လာပါဦး ဟိူဘက်ပါးလေးနမ်းချင်လို့"

လက်ကလေးနှစ်ဖက်ဆန့်ကာ ခေါ်လေတဲ့ ရိပေါ်ရင်ခွင်ထဲကို တိုးဝင်လာကာ ပေါင်ပေါ်တက်လိုက်တာကြောင့် အရပ်ကလေးကရိပေါ်ထက်မဆိုသလောက်လေး မြင့်သွားလေတယ်

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now