Part 32

359 16 0
                                    


.
     လက်ထပ်ပြီး အထိမ်းအမှတ်အနေနဲ့ ဒီနေ့တော့ မိဘမဲ့ဂေယာမှာတစ်နေ့စာ ကျန့်ကျန့်တို့အလှူလုပ်ခြင်းဖြစ်သည်

ရှောင်းကျန့် " ကိုကို ကျန့်ကျန့်ကပုဆိုးဝတ်ရမှာလား"

ဂေယာကိုသွားဖို့အတွက်အင်္ကျီရွေးနေတုန်း ဂျီကျနေတဲ့ဟာလေးကို ရိပေါ်ပြုံးကာကြည့်နေလိုက်တယ်

ရေချိုးပြီးကာစခေါင်းကို ရေသုတ်နေရင်းရိပေါ် ပြန်ပြောလိုက်၏

ရိပေါ် " ဒီနေ့တော့ဒါလေးပဲ ဝတ်လိုက်ပါကွာ နောက်နေ့မှ ကလေးကြိုက်တာဝတ်လေ "

ကျန့်ကျန့်ဝတ်ထားတဲ့ လည်ဂတုံးအင်္ကျီအဝါလေးကို ပြန်ပြင်ပေးလိုက်ရင်း ရိပေါ်လည်း ကလေးနဲ့ဆင်တူအင်္ကျီလေးကောက်ဝတ်လ်ုက်၏

ရှောင်းကျန့် " ကိုကိုဒီဘက်လှည့် ကျန့်ကျန့်ကြယ်သီးတပ်ပေးမယ်"

ရိပေါ်လည်းကလေးပြောသလိုလှည့်ပေးလိုက်တော့ လက်သေးသေးလေးတွေကရင်ဘတ်ကိုရောက်ရှိလာ၏

ရှောင်းကျန့် " မိဘမဲ့ဂေယာဆိုတော့ အဲ့မှာကလေးလေးတွေအများကြီးရှိမှာပေါ့နော်ကိုကို "

ရိပေါ် " ဒါပေါ့ ကလေးက ကလေးချစ်တတ်လို့လား "

ရှောင်းကျန့် " ချစ်တယ် ဒါပေမယ့် ကလေးထက်ကိုကို့ကိုပိုချစ်တယ်"

ရိပေါ် ကြယ်သီးတပ်ပေးရင်းလူကိုအမျိုးမျိုးခြွေနေတဲ့ အဆိုးလေးကြောင့် ဖျစ်ညှစ်လိုက်မိသည်

ရိပေါ် " ချစ်လွန်းလို့နော် ကိုက်စားပစ်ချင်နေပြီ ဘယ်လိုလည်းကိုက်စားရမှာလား"

ရှောင်းကျန့် " ကိုကိုအရမ်းမဖက်ထားနဲ့လေ အင်္ကျီတွေကျေကုန်မယ် လွှတ်ပေး"

ရိပေါ် " ကျေပါစေ မလွှတ်ဘူး"

ပြောပြီးပိုတိုးလို့ဖက်ထားတဲ့ရိပေါ်ကြောင့် ကျန့်ကျန့်စိတ်ပိစိလေးဆိုးလာမိသည်

ဟုတ်တယ်လေကိုယ့်လို celeကအလှုလာတာအင်္ကျီကျေမွမွနဲ့ဆိုရင် ဘယ်လောက်တောင်ဂွမ်းမလည်း

ရှောင်းကျန့် " အင့် လွှတ်ပေးအင်္ကျီတွေကျေတော့ပါမယ်ဆို ကိုကိုနော်အနိုင်မကျင့်နဲ့လို့"

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now