Part 11

584 27 0
                                    


.
   ကျန့်ကျန့်တစ်ယောက် ဖုန်းလေးကိုကျောခိုင်းရင်း မူလဆိူဖာပေါ်မှာပဲပြန်ထိုင်နေလိုက်၏

ဝမ်မား " sorry သားကျန့်ရေအန်တီနည်းနည်းကြာသွားတယ် စောင့်နေရတာပျင်းသွားလားသား "

( အန်တီကဘယ်သူဆိုတာသိပြီဆိုတော့ ဝမ်မားလို့ပဲရေးတော့မယ်နော်😘)

ရှောင်းကျန့် " ရပါတယ်ဗျ "

ဝမ်မား " အေးကွယ် အန်တီလည်းသားကိုမြင်မြင်ချင်းပဲကိုယ့်သားလေးလိုချစ်ပါတယ် နောက်ကိုလိုအပ်တာရှိရင်အန်တီ့ကိုပြောနော်သား အားမနာနဲ့ ဒီအိမ်ကိုလည်းကိုယ့်အိမ်လိုသဘောထားပြီး ဝင်ထွက်နော်သား "

ရှောင်းကျန့် " ဟုတ်ကဲ့ပါအန်တီ "

ဝမ်မား " ဒါနဲ့သားရဲ့မိဘတွေကရော ဘယ်မှာနေကြလည်းကွဲ့ "

ရှောင်းကျန့် " ကျန့်ကျန့်မှာမိဘတွေမရှိတော့ပါဘူး အန်တီ "

မျက်နှာငယ်လေးနဲ့ပြောလာတဲ့ ကျန့်ကျန့်ကြောင့် ဒေါ်မြသစ်သွင်စိတ်မကောင်းမိ

ဝမ်မား " စိတ်မကောင်းလိုက်တာကွယ် ဘာမှအားမငယ်နဲ့နော်သား အန်တီ့ကိုသားရဲ့အမေတစ်ယောက်လိုသဘောထားနိုင်တယ် "

ဝမ်မားစကားကြောင့် ကျန့်ကျန့်ရင်ထဲနွေးထွေးသွားရပါသည်

သူလည်းတကယ်ပဲအန်တီ့ကို မိခင်တစ်ယောက်လိုသဘောထားခဲ့တာမဟုတ်လား

ဝမ်မား " သားကအန်တီ့ရဲ့သားငယ်ပဲပေါ့ကွယ် "

ရှောင်းကျန့် " ကျေးဇူးတင်ပါတယ် မား"

ကျန့်ကျန့်ရဲ့မားလိူ့ အခေါ်ဝေါ်ကြောင့်ဝမ်မားရင်ထဲ ပီတိလှိုင်းလေးဖြတ်ပြေးသွားရသည်

ဒီကလေးလေး မိဘမေတ္တာငတ်နေတာပါလား

ဝမ်မား ကျန့်ကျန့်လက်ကလေးတစ်ဖက်ကိုဆုပ်ကိုင်ရင်းပြုံးပြလိုက်၏

ဝမ်မား " ဟုတ်တယ် သားကမားရဲ့သားပဲ နောက်ဆိုမားလို့ပဲခေါ်တော့ အန်တီမဟုတ်တော့ဘူး"

ရှောင်းကျန့် " ဟုတ်မား😁"

ဝမ်မား " ဒါနဲ့သားက အခုဘာအလုပ်တွေလုပ်နေလည်းကွဲ့ "

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now