Part 28

439 20 0
                                    

     ဝမ်မား " သားရယ် အသားတွေညိုသွားလိုက်တာကွယ်😔"

ဝမ်မားတစ်ယောက် ကျန့်ကျန့်တို့ဆင်းလာထဲက ကျန့်ကျန့်ကိုလက်ဆွဲကာ သေချာကြည့်ပြီးပြောလေ၏

ဝမ်မား " သားဝမ်က စောစောသိရင်ကောင်းမှာပဲ အခုတော့သားကျန့်လေးသက်သက်ပင်ပန်းရပြီ"

ကျန့်ကျန့်ပါးလေးကိုကိုင်ရင်း မားကဝမ်းနည်းစွာပြောလေတော့ ကျန့်ကျန့်ကပဲနှစ်သိမ့်ရတော့မည်

ရှောင်းကျန့် " ကျန့်ကျန့်မပင်ပန်းပါဘူးမားရဲ့ မားနဲ့ကိုကို့ကိုယ်လွမ်းတာကလွဲရင် ကျန့်ကျန့်ဟိုမှာနေရတာအဆင်ပြေပါတယ်"

ပြောရင်း ကျန့်ကျန့်မားကိူဖက်ကာ ပါးလေးကိုနမ်းကြူ လိုက်တော့ မားကသဘောကျစွာပြုံးရယ်တော့သည်

ရှောင်းကျန့် " အခုလိုပဲ ပြုံးနေပေးပါမား နောက်ဆိုကျန့်ကျန့်မားနဲ့ကိုကို့ကို စိတ်ပူအောင်မလုပ်တော့ပါဘူး "

ဝမ်မား " မားရဲ့အလိမ္မာတုံးလေးစကားကိုမားကယုံပါတယ်ကွယ် သားဝမ်ဆာနေပြီလား "

တစ်လျှောက်လုံး သားအရင်းဖြစ်သူကိုချောင်ထိုးပြီး ငိုလိုက်ရယ်လိုက်လုပ်နေတဲ့ မေမေကအခုမှမိမိကိုသတိရပုံပါ

ဟိုအဆိုးလေးကရောဘာထူးတုန်း မေမေနဲ့သာစကားပြောနေရရင် ကိုယ့်ကိုမေ့သွားသလားမှတ်ရတယ်

ရိပေါ် " ကျွန်တော်မဆာသေးဘူးမေမေ ဒါပေမယ့် ကျန့်ကျန့်အတွက်ဆန်ပြုတ်လေးလိုချင်တယ်"

ရိပေါ် စကားကြောင့်မေမေက ကျန့်ကျန့်နှာဖူးလေးကိုအပူတိုင်းသလိုလေးလုပ်ရင်း

ဝမ်မား " သားကျန့်လေးက နေမကောင်းလို့လား ကိုယ်လည်းမပူပါဘူးသားရဲ့ ထမင်းစားလို့ရပါတယ်"

ရှောင်းကျန့် "ဟုတ်သားပဲ ကိုကိုရဲ့ကျန့်ကျန့်ဘာမှမဖြစ်ပါဘူး ထမင်းပဲစားမယ်နော် "

ရိပေါ် " ဒေါ်ကြည်💥"

ကျန့်ကျန့်စကားကို ကိုကိုကအလိုမကျသလိုကြည့်ရင်း နောက်ဖေးကဒေါ်ကြည်ကို အသံခပ်ကျယ်ကျယ်နဲ့လှမ်းခေါ်လိုက်ပုံကြောင့်

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now