Part 27

455 23 0
                                    

. ကျန့်ကျန့်တို့ကားပေါ်အထုပ်တွေတင်နေတုန်း ရွာသားတွေကအနားမှာစုဝေးကာ စိတ်မကောင်းဖြစ်နေကြသည်

မိုးသန္တာဝင်း " အကိုကျန့် ဒီလက်ဆောင်လေးတွေယူသွားနော် ရွာသားတွေကပေးချင်နေကြလို့"

အဖီးလှလှကြီးနဲ့ ရွှေငှက်ပျောခိုင်ကြီးအား ကားထဲထည့်ပေးနေတဲ့ သန္တာတို့

ဝင်းလဲ့လဲ့မိုး " ညမတို့တော့ ဒီလကုန်မှအလုပ်စဝင်မယ်နော် ရွာမှာခဏနေခဲ့ချင်သေးလို့"

မိုးစန္ဒာဝင်း " လမ်းကိုလည်းသတိထားမောင်းနော် တောင်တက်တောင်ဆင်းဆိုတော့ အန္တာရာယ်များတယ်"

ရှောင်းကျန့် " စိတ်ချပါအမစန္ဒာတို့ အမတို့လည်းကြီးတော်တင်ကိုဂရုစိုက်လိုက်ပါဦး "

ကျန့်ကျန့်မသက်မသာနဲ့ထိုစကားပြောရခြင်းပါ

ကျန့်ကျန့်တို့ပြန်မယ်ဆိုထဲက တစ်ညလုံးမအိပ်နိုင်ဘဲဝမ်းနည်းနေတဲ့ ကြီးတော်တင်ကြောင့် သူတို့လည်းစိတ်မကောင်းကြ

အပျို ကြီးဆိူတော့ ခင်တွယ်နေတာလည်းပါလိမ့်မယ်

.မိုးသန္တာဝင်း " စိတ်ချပါ ညမတို့ဂရုစိုက်လိုက်ပါ့မယ် "

ကျန်းချန် " ဒါဆို အကိုတို့သွားတော့မယ် နောက်မှတွေ့ကြတာပေါ့"

All " တာ့တာနော်"

နှုတ်ဆက်ပြီး ကျန့်ကျန့်တိူ့လည်းထိုရွာလေးကို ကျောခိုင်းကာ မြို့ပြဆီချီတက်လိုက်ကြသည်

လမ်းတစ်လျှောက် အလှူခံမဏ္ဍပ်လေးတွေဆီမှ ကြားရတဲ့ ' ဧရာမြေမှဖိတ်ခေါ်သံ ' သီချင်းအေးအေးလေးတိူ့ကြောင့်လည်း ပိုပြီးတော့ ဝမ်းနည်းရစေသည်

ငါတို့တွေပြန်ဆုံကြဦးမှာပါ ဧရာမြေရယ်

.

.

.
ရိပေါ်နဲ့ဝန်းနင် တစ်လမ်းလုံးကားကိုအလှည့်ကျမောင်းရင်း အလုပ်ရှုပ်နေပေမယ့် မျောက်လောင်းလေး၂ယောက်ကတော့ ဇိမ်ကျကျနဲ့အိပ်နေလေရဲ့

နာရီအနည်းငယ်ခရီးဆက်ပြီးနောက် ဝမ်အိမ်တော်သို့ရောက်ရှိသွားပါ၏

ထူးထူးဆန်းဆန်း ချစ်ဖူးစာDonde viven las historias. Descúbrelo ahora