Part 2

818 36 0
                                    


   ကျန်းချန် company ကပြန်လာတော့ ဆိုဖာပေါ်မှာ laptop တစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့ ကျန့်ကျန့်

Condo ခန်းလေးဖြစ်တာကြောင့် အိပ်ခန်းကနှစ်ခန်းထဲရယ် ဧည့်ခန်းဆိုပြီး သီးသန့်မထားပေမယ့် ဧည့်သည်လာရင်ထိုင်လို့အဆင်ပြေအောင် ဆိူဖာလေးလုပ်ထားခြင်း

လူကဆိုဖာမှာထိုင်ရင်းရှေ့ကlaptopတင်ထားတဲ့ ခုံပေါ်မှာလည်း coffee တစ်ခွက်နဲ့

ကျန်းချန် " ဒီလိုပဲနေနေတော့မှာလား ကျန့်ကျန့် "

ကျန်းချန် အပေါ်ဝတ်ကုတ်လေးကိုချွတ်ရင်း ကျန့်ကျန့်နဲ့မျက်နှာချင်းဆိုင်နေရာမှာထိုင်လိုက်ကာမေးလေ၏

ရှောင်းကျန့် " ဒီလိုမနေလို့ငါက ကင်းမှီးကောက်ထောင်နေရမှာလား "

တစ်ခွန်းဆိုတစ်ခွန်းပါပဲ ပက်ခနဲပြန်ပြောတတ်တဲ့အကျင့်က ဘယ်သူ့ဆီကအမွေမှန်းမသိရယ်ပါ

ကိုယ်ကသာစိတ်တိုရတာ သူကတော့ မျက်မှန်အဝိုင်းလေးကို ပင့်ရင်းကော်ဖီကိုပါဟန်ပါပါ သောက်ပြနေ၏

ကျန်းချန် " မရွဲ့နဲ့ကျန့်ကျန့် ငါဘာမေးချင်တာလည်းဆိုတာ မင်းသိပါတယ် "

သည်တော့မှ သောက်နေတဲ့ကော်ဖီကိုခုံပေါ်ပြန်တင်ရင်း laptop ကိုပါပိတ်လိုက်၏

ရှောင်းကျန့် " ကဲပြော ငါကအခုရောအလုပ်မလုပ်ဘဲနေနေလို့လား "

ကျန်းချန် " ဘာအလုပ်လည်း ၆လလောက်အသည်းအသန်ရေးပြီး တစ်လစာလောက်ရတဲ့ငွေကိုပြောတာလား ကျန့်ကျန့် မင်းရဲ့လုပ်အားခက ငါ့ရဲ့တစ်လဝင်ငွေပဲရှိတယ်နော် မင်းမှာက၇လနီးပါးလုပ်မှရတာလေ "

ကျန်းချန် စေတနာစောဖြင့်ပြောလိုက်ခြင်းပါ ဒါကိုဒင်းလေးက နှုတ်ခမ်းလေးထော်ရင်းပြန်ပက်လေတယ်

ရှောင်းကျန့် " ငါ့အလုပ်က လစာအတည်တကျမရှိပေမယ့် အောင်မြင်မှုအသီးအပွင့်တွေကတော့ ရှိတယ်လေကျန်းချန် ဒါကမှတကယ့်စစ်မှန်တဲ့ လုပ်အားခကွ မင်းဘာသိလို့လည်း "

လက်နှစ်ဖက်ကို ကားပြီး အောင်မြင်မှုကိုတိုင်းတာပြနေသောယုန်ပေါက်ရယ်ပါ

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now