Cha-77

3.4K 581 29
                                    

[Unicode]

ပူပြင်းသည့်နွေရာသီလေက ပြတင်းပေါက်ကိုဖြတ်၍ အခန်းထဲသို့စီး၀င်လာပြီး ယွီချင့်ဟွမ်၏မျက်နှာပေါ် အသာလေးဖြတ်တိုက်သွားရာ ချွေးတွေနှင့်အသားမှာလုံးထွေးနေတဲ့ နဖူးပေါ်ကဆံနွယ်တစကို လူးလွန့်သွားစေသည်။ သူ့နှလုံးအိမ်ကို ပိုပိုပြီးသည်းမခံနိုင်ဖြစ်ကာ မွန်းကြပ်လာစေ၏။

ချီးမွမ်းခြင်းကိုတောင်းခံနေဟန်ရှိတဲ့ သူ့နံဘေးက ဟော်ချွီကို အမူအရာမဲ့မျက်နှာဖြင့် သူကြည့်မိရင်း လက်ကိုဆန့်ထုတ်၍ အနှီမျက်နှာချောချောကို တခြားတစ်ဖက်သို့ဆွဲလှည့်ပစ်လိုက်ကာ စိတ်ပေါက်ပေါက်နှင့် သူဆိုလိုက်သည်။

"ဝေးဝေးသွားနေ ငါ့မျက်စိရှေ့မှာလာရပ်မနေနဲ့"

မင်းကိုမင်း အတော်လေးလည်လှပြီလို့ ထင်နေတယ်ပေါ့လေ၊ ဟုတ်စ? ပြတင်းပေါက်ကိုဝုန်းခနဲဖွင့်! ပြသနာကပြေလည်သွားပြီပေါ့?

"ချင့်ဟွမ်" ဟော်ချွီကထွက်ခွာသွားရမည့်အစား ချင့်ဟွမ်ကိုပွေ့ဖက်လာကာ သူ့ပခုံးပေါ်မှီလျက် ချစ်စရာဟန်ပြုရင်းတိုးဝှေ့ပွတ်သပ်နေ၏။

"ကိုယ်ကမင်းမျက်စိရှေ့မှာရပ်နေတာမဟုတ်ပါဘူး၊ မင်းဘေးမှာပါ"

ယွီချင့်ဟွမ်မှာ အနှီသူကြောင့် သွေးအန်လုနီးပါးပင်။ ဟော်ချွီခေါင်း သူ့ဆီကခွာသွားအောင် ပခုံးကိုဆပ်ခနဲလူးခါလိုက်တော့သည်။

သူကတော့ဒီမှာစိတ်တွေလှုပ်ရှား နေမထိထိုင်မသာဖြစ်လျက် ဘယ်လိုကြမ္မာမျိုးက သူ့ကိုစောင့်ဆိုင်းနေလိမ့်မလဲဆိုတာ မသိဖြစ်နေရ၏။ သို့ပေမယ့် ဟော်ချွီကတော့ ဘာဆိုဘာမှသတိမမူမိဘဲရှိနေကာ သူဆိုလိုချင်တဲ့အဓိပ္ပါယ်ကို‌တောင် နားမလည်နိုင်ပါပေ။

ယွီချင့်ဟွမ်ရင်ဘတ်ထဲ တောင်တန်းတွေကိုအမှုန့်ခြေပစ်နိုင်တဲ့ ပင်လယ်ပြင်ကြီးကိုတောင်ပြောင်းပြန်လှန်ပစ်နိုင်တဲ့ စိတ်အာရုံညစ်ညူးမှုတွေ ရုတ်ချည်းပြည့်နှက်သွားခဲ့ပြီး သူ့မှာကျန်ရှိတဲ့ ဆင်ခြင်တုံတရားတပိုင်းတစကို မဆိုင်းမတွဆွဲဆုတ်သွားလေသည်။

သူ ဟော်ချွီကိုဘေးတွန်းထုတ်ပစ်တော့မလို့ ခေါင်းလှည့်လာတဲ့အချိန်မှာပဲ တဖက်သူ၏မျက်ဝန်းများဖြင့်ဆုံလိုက်ရသည်။ နက်မှောင်တောက်ပနေကာ ဂရုစိုက်အလေးပေးမှုတွေ အပြည့်အသိပ်ဖြစ်နေလျက်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now