🍂ဖတ်ပေးစေချင်🍂

15.9K 251 0
                                    

[Unicode]
ဖတ်ပေးစေချင်.....❤️
Hello ဒါဒါလေးတို့ ပထမဆုံး မိုးရဲ့ fic လေးဆီရောက်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မိုး ပြောချင်တာလေးတွေရှိလို့ စာရှည်မယ်ဆိုပေမယ့် အဆုံးထိဖတ်ပေးစေချင်ပါတယ်။
၁။ ပထမဆုံး မိုး ဒီလောကထဲကို reader တစ်ယောက်အနေနဲ့ရောက်လာခဲ့တာ ဖြစ်ပါတယ်။မိုး ဖတ်ဖူးတဲ့ fic တွေကလည်း အများကြီးပါ။ အခု အော်သာ အနေနဲ့ ‌ခြေလှမ်းစတာပါ။ ဒီ fic လေးက မိုးရဲ့ စိတ်ကူးနဲ့ပဲရေးထားတယ် ဆိုတာ တစ်ရာရာခိုင်နှုန်း အာမခံပါတယ်။ဒါပေမယ့်လည်းလေ မိုး ဖတ်ဖူးတဲ့ fic တွေက စာသားလေးတွေ ဇာတ်ဝင်ခန်းလေးတွေကို မိုး ရဲ့ မသိစိတ်ထဲကနေမှတ်မိနေပြီး fic ထဲမှာရေးကောင်းရေးမိနိုင်ပါတယ်။အဲ့ဒါ ကြောင့် တူတာလေးတွေရှိခဲ့ရင် ဒါဒါလေးတို့က ထောက်ပြပေးပါ။ မိုးပြန်ပြင်ပါ့မယ်။နောက်တစ်ခုက character name လေးတွေ။ဖတ်ဖူးတဲ့ fic တွေမှာ မိုးပေးထားတဲ့ နာမည်တွေနဲ့တူတာမရှိပေမယ့် မဖတ်ဖူးတဲ့ fic တွေမှာတော့ ရှိနိုင်ပါတယ်။အဲ့ခါ ကြရင်လည်း သိတဲ့ ဒါဒါလေးတွေက ပြောပြပေးစေချင်ပါတယ်။
၂။ ဒီဟာလေးကတော့ မိုးရဲ့အားနည်းချက်ပါ။ မိုးက အသေးစိတ်ပြောပြရတဲ့အခါတွေမှာအားနည်းပါတယ်။ပြင်ပမှာလည်း တစ်စုံတစ်ခုကို အသေးစိတ်ပြောပြရှင်းပြဖို့ မနည်းအားစိုက်ရပါတယ်။ဒါတောင် တစ်ဖတ်လူက မိုးရှင်းပြတာကို နားလည်တဲ့လူရှားပါတယ်။ အခု fic လေးထဲမှာ တစ်ချို့ဇာတ်ဝင်ခန်းလေးတွေ အသေးစိတ်ပြဖို့ လိုအပ်ချက်တွေရှိနိုင်ပါတယ်။ဒါဒါလေးတို့က နားလည်ပေးပါ။ မိုး ကြိုးစားပြီးရေးထားပါတယ်။
၃။ စိတ်ရှိသလိုဝေဖန် ထောက်ပြနိုင်ပါတယ်။လိုအပ်တဲ့နေရာတွေကိုလည်း ပြောပြပေးစေချင်ပါတယ်။ positive or negative ဘာမန့်ပဲ ဖြစ်နေပါစေ မိုး ကြည်ဖြူစွာလက်ခံပါ့မယ်။
၄။ fic ထဲမှာပါတဲ့ နေရာဒေသလေးတွေက မိုးရဲ့စိတ်ကူးထဲကနေရာလေးတွေပါ။ ပြင်ပမှာ တကယ်မရှိပါဘူး။ ပြီးတော့ တစ်ချို့ ဇာတ်ဝင်ခန်းလေးတွေ၇ဲ့အဖြစ်အပျက်တွေ character တွေ၇ဲ့ အသက်နဲ့ အလုပ်အကိုင်တွေက ပြင်ပနဲ့ယှဉ်ရင် မဖြစ်နိုင်ဘူးဆိုပေမယ့် မိုးရဲ့ စိတ်ကူးထဲက ကမ္ဘာလေးထဲမှာတော့ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပြင်ပကတစ်စုံတစ်ရာနဲ့ လာယှဉ်ပြခဲ့သည်ရှိသော် မိုး မည်သည့်‌ဖြေရှင်းချက်မှ ပေးမည်မဟုတ်ပါ။
၅။ update ကတော့ တစ်ပတ်ကိုနှစ်ပိုင်းပါ ။ အတိအကျတော့ မပြောနိုင်ပေမယ့် ကြာသပတေး နဲ့ တနင်္လာ ဖြစ်နိုင်ပါတယ်။ အတက်နိုင်ဆုံး update မှန်အောင်ကြိုးစားပါ့မယ်။
ဒါဆို စကားများတာလေးကို ဒ်ီလောက်နဲ့အဆုံးသတ်လိုက်ပါတော့မယ်။ fic လေး အဆုံးသတ်တဲ့အထိ မိုး နဲ့အတူ လိုက်ပါခဲ့မယ်လို့မျှော်လင့်ပါတယ်။ မိုးရဲ့ fic လေးကနေ နွေးထွေးစွာကြိုဆိုပါတယ်ရှင်။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now