🍁Part 51🍁

411 15 1
                                    

[Unicode](Part 51)

"Happy Birthday ရွှေစင်...မွေးနေ့မှာ ပျော်ရွှင်ပါစေနော်"

ရွှေစင်တစ်ယောက် မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရသော ပုံရိပ်လေးကြောင့် အပြုံးပန်းများ ဝေဆာသွားတော့သည်။ထို့နောက် လဲနေရာမှ ထထိုင်လိုက်ပြီး သူ့ရှေ့မှ အလင်္ကာကို ပြုံးကာ ကြည့်လိုက်သည်။

"ပေးတဲ့ဆုနဲ့ပြည့်ပါစေ...ကျေးဇူး အလင်္ကာ"

"မလိုပါဘူး...ရော့ ဖယောင်းတိုင်မှုတ်...အာ...နေအုံး အရင်ဆုတောင်း"

"အင်း"

ရွှေစင်လည်း အလင်္ကာစကားကြောင့် လက်နှစ်ဖက်ကို ယှက်လိုက်ပြီး မျက်လုံးများမှိတ်လိုက်တော့သည်။ ယနေ့သည် ရွှေစင်၏ ၁၇နှစ်ပြည့် မွေးနေ့ပင်ဖြစ်သည်။

ထို့ကြောင့်  ရွှေစင်မနိုးသေးခင် အလင်္ကာ အစောကြီးထကာ ကိတ်မုန့်သွားဝယ်ခဲ့သည်။နှစ်စဉ်နှစ်တိုင်း ကျရောက်လာသည့်ရွှေစင့် မွေးနေ့တိုင်းကို အခြားသူများထက်အရင် အလင်္ကာက အရင်ဦးဆုံးဆုတောင်းပေးကာ cake အသေးစားလေးဖြစ် မွေးနေ့၏ မနက်ခင်းတိုင်းကို ဖြတ်သန်းစေခဲ့သည်။ ရွှေစင်ကလည်း အလင်္ကာထံမှ မွေးနေ့ဆုတောင်းကိုသာ အရင်ဆုံးကြားချင်သည်။ ထိုသည်က သူမတို့နှစ်ယောက်၏ မတိုင်ပင်ထားပါပဲ တူညီနေသော အကျင့်တစ်ခုပင်ဖြစ်သည်။

အလင်္ကာတစ်ယောက် မျက်လုံးများမှိတ်ကာ ဆုတောင်းနေသော ရွှေစင့်အား ပြုံးပြီးကြည့်နေသည်။ မွေးနေ့ဆုတောင်းပြီးသွား၍ မျက်လုံးများ ပြန်ဖွင့်လာသော ရွှေစင်အရှေ့ အလင်္ကာ သူဝယ်လာခဲ့သော ကိတ်မုန့်ကို တိုးပေးကာ ဖယောင်းတိုင်များကို မှုတ်စေသည်။

"ဖူး~"

ရွှေစင် ဖယောင်းတိုင်မီးများအား မှုတ်ပြီးသွားတော့ အလင်္ကာလက်တစ်ဖက်ဖြင့် ကိတ်မုန့်ကို သယ်ကာ နောက်လက်တစ်ဖက်ဖြင့် ကိတ်မုန့်ခွဲသည့် ဓားကို ရွှေစင့်အား ကမ်းပေးလိုက်သည်။ ကိတ်လေးက ရိုးရိုးရှင်းရှင်း ချောကလက်ကိတ်လေးသာဖြစ်သည်။ကိတ်ခွဲပြီးသွားတော့ ရွှေစင်က အလင်္ကာ့အား ခွံ့ကျွေးသည်။ တစ်ဖန် အလင်္ကာက ပြန်ခွံ့ကျွေးရန်ပြင်စဉ် ရွှေစင် ခေါင်းခါပြကာ

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now