🍁Part 16🍁

1.6K 52 4
                                    

[Unicode]

မာန် ပင်ပန်းလွန်းသည်ကြောင့် အိပ်မောကျသွားသည်မှာ အချိန်အတော်ကြာသွားလေသည်။ မျက်လုံးများကို ပွတ်သပ်ရင်း နာရီအား ကြည့်မိတော့ ၅ နာရီတောင် ထိုးလုနီးနေပြီ ဖြစ်သည်။ အိပ်ရာမှထကာ ရေချိုးရန် ပြင်တော့သည်။

ရေမိုးချိုးပြီးနောက် ၀တ်နေကျ ဖြစ်သော shirt အဖြူလေးနှင့် ဘောင်းဘီဒဲ့ပွ အဖြူလေးကိုသာ ၀တ်ဆင်လိုက်ပြီး laptop နှင့် project နဲ့ဆိုင်သည့် စာရွက်စာတမ်းများအားယူ ကာ အောက်သို့ဆင်းလာခဲ့တော့သည်။

Time Skip ,

မာန် ခွန်းဆက်ရှိသော အခန်းရှေ့အရောက် အထဲမှ စကားသံကြောင့် ခြေလှမ်းများ ရပ်တန့်သွားသည်။

"ကိုကို သတိပြန်ရတာကြာပြီလား"

ထုံးစံအတိုင်း မာယာနှင်းဆီ ရောက်နေသောကြောင့် ဖြစ်သည်။ ခွန်းဆက် ဆေးရုံတွင် သတိမေ့နေတုန်းကလည်း တစ်နေ့ကို နှစ်ခါ ပုံမှန်လာသည်။ မာယာသည် မာန့်အား အမြဲတမ်း အထင်သေးသည့် အကြည့်များဖြင့် ကြည့်သည်။ ထိုအကြည့်များကို မာန်လုံးဝ မကြိုက်ပေ။ ထိုကြောင့် မာယာရှိနေစဉ် မာန် အခန်းထဲမှ အမြဲထွက်နေခဲ့သည်။ အခုလည်း အထဲသို့ ၀င်ချင်စိတ်မရှိပေ။ သို့သော် ကံတရားက မာန့်ဘက်တွင် မရှိ။

"အစ်ကို ရောက်နေတာကြာပြီလား... အထဲဝင်လေ...မ၀င်သေးပဲ ဘာလုပ်နေတာလဲဗျ"

"မကြာသေးပါဘူး...ကိုယ် အခုပဲရောက်တာ... ဒါနဲ့ ညီက ဘယ်သွားတာလဲ... မင်းမြတ်နဲ့ မိုးထက်ကရော"

ခွန်းဆက်အား ဆေးရုံစောင့်ပေးနေသည့်ရက်အတွင်း မာန်လည်း ခွန်းဆက်၏ သူငယ်ချင်းများနှင့် ရင်းနှီးနေပြီဖြစ်သည်။

"ဟိုနှစ်ကောင်က duty ချိန်လေ အစ်ကို...ကျွန်တော်က ရောင်နီ ပန်းသီးစားချင်တယ်ဆိုလို့ သွားဝယ်လာတာ"

ကောင်းထက် လက်ထဲမှ ကိုင်လာသော ပန်းသီးအိတ်ကို မာန်မြင်အောင် မြှောက်ပြသည်။

"လာလေ အစ်ကို... အထဲဝင်မယ်"

"အင်း ညီ အရှေ့က သွား"

ကောင်းထက်က တံခါးဖွင့်ကာ အရင်ဝင်တော့ ခွန်းဆက်နဲ့ မာယာက လှည့်ကြည်လာသည်။ ကောင်းထက် အနောက်တွင်ပါလာသော မာန့်ကို မြင်သည်နှင့် မာယာ့ မျက်နှာမဲ့သွားလေသည်။ ထိုအခြင်းအရာကို ခွန်းဆက်မမြင်ပေမယ့် ကောင်းထက်နဲ့ မာန်ကတော့ မြင်လိုက်ရသည်။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now