🍁Part 19🍁

1.5K 54 3
                                    

[Unicode]

မာန် ရေချိုးခန်းထဲက ထွက်လာတော့ လှည့်ကြည့်လာသော ခွန်းဆက်နှင့် အကြည့်ချင်းဆုံလေသည်။ မာန် ချက်ချင်းပင် အကြည့်လွှဲ လိုက်သည်။

"မင်း စားပြီးပြီလား"

"အင်း...ပြီးပြီ... ခင်ဗျားပဲ စားဖို့ကျန်တော့တာ"

"တော်ပြီ ငါမစားချင်တော့ဘူး...ဒါတွေကို သိမ်းလိုက်တော့မယ်"

"အင်း"

မာန် ခွန်းဆက်နဲ့ အကြည့်ချင်းမဆုံအောင် ရှောင်နေရင်း စားထားသည်များကို ရှင်းနေတော့သည်။

"မာန် ခင်ဗျား တစ်ခုခုဖြစ်နေတာလား"

ခွန်းဆက် သူ့အကြည့်များအား ရှောင်နေသူ မာန့်ကို မေးလိုက်သည်။  မျက်လုံး နှာခေါင်းထိပ်လေးနှင့် ပါးလေးနှစ်ဖက်က နီရဲနေသည်မှာ ငိုထားသည့်ပုံပင်။ မျက်နှာသစ်ထားသည်ကြောင့် မျက်တောက်ရှည်လေးများက ဟိုတစ်စုဒီတစ်စု ကပ်ငြိနေသည်။ ခွန်းဆက် မေးသည်ကို ပြန်မဖြေပဲ သူအလုပ်သာ သူလုပ်နေသော မာန်ကြောင့် ခွန်းဆက် မာန့်လက်နှစ်ဖက်ကို ဆွဲကိုင်လိုက်တော့သည်။

သို့သော်လည်း မာန်ကတော့ ခွန်းဆက်အား ကြည့်မလာပဲ မျက်နှာလွှဲ ထားသည်။

"မာန် ကျွန်တော့်ကို ကြည့်"

"လွှတ်စမ်းပါ ခွန်းဆက်ရယ်...မဆော့စမ်းနဲ့"

"မာန့်!!!"

"ရောင်နီ မင်းဘာလို့ အိမ်မပြန်..."

ခွန်းဆက် မာန့်အား စကားပြောမည်ကြံစဉ်တွင် အသံပြဲကျယ်ကြီးနှင့် ၀င်လာသော မိုးထက်ကြောင့် စကားစပျက်သွားရသည်။ ထို့နည်းတူ အခန်းထဲဝင်လာသော မိုးထက်မှာလည်း အခန်းတွင်းအခြေအနေကြောင့် စကားများထပ်ထွက်မလာတော့ပေ။ မာန် ခွန်းဆက်လက်ထဲမှ သူ့လက်များကို ဆွဲယူလိုက်ရင်း ထမင်းချိုင့်ကို စားပွဲတွင် သွားထားတော့သည်။

မိုးထက်လည်း အေးစက်နေသည့် အငွေ့အသတ်များ ထုတ်လွှတ်နေသူနှစ်ဦးကြောင့် ၀င်လာမိတာမှားပြီလားဟုပင် တွေးမိသည်။

"အစ်ကို အလင်္ကာ စားပြီးသွားပြီလားဗျ"

"အင်း ပြီးသွားပြီ ညီ"

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now